Home  / News  / News Details

新闻详情

ပြည်မြို့နယ်ရှိအိမ်ခြံမြေများအဝယ်လိုက်နေပြီး ရန်ကုန်မှစိတ်ဝင်မှုများပြီး သွာရောက်ဝယ်ယူမှုများရှိနေ

Jul 22, 2024  /

ပြည်မြို့နယ်ရှိအိမ်ခြံမြေများအဝယ်လိုက်နေပြီး ရန်ကုန်မှစိတ်ဝင်မှုများပြီး သွာရောက်ဝယ်ယူမှုများရှိနေ

ဇူလိုင်လ (၂၂)ရက်။
Myanmar Property Dealer

ပြည်မြို့နယ်ရှိ အိမ်ခြံမြေများအဝယ်လိုက်နေပြီး ရန်ကုန်မှနေထိုင်သူတချို့စိတ်ဝင်စားမှုများပြီး သွာရောက်ဝယ်ယူသူများရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှသိရပါတယ်။

ယခုနောက်ပိုင်း ရန်ကုန်မြို့ Downtown မြို့နယ်များအတွင်းတွင် နေထိုင်သူများမှာ မြို့စွန်များ ဘက်သို့ ပြောင်းရွှေ့နေထိုင်မှုများရှိလာပြီးဒါ့အပြင် ရန်ကုန်နှင့်အနည်းငယ်ဝေးကွာတဲ့မြို့များမှာရှိတဲ့ အိမ်ခြံမြေများအားစိတ်ဝင်စားကြသဖြင့် ဝယ်ယူသူများလည်းစိပ်လာတယ်လို့အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

" ပြည်ဘက်က အိမ်ခြံမြေဈေးကွက်အခြေအနေက ဒီကာလမှာ ဝယ်တဲ့သူများတယ်၊ ပြည်ဈေးကွက်က ရန်ကုန်နဲ့စာရင် မြေကွက်ဈးတွေကတစ်ဝက်လောက်ကွာတယ်၊ ရန်ကုန်ဆင်ခြေဖုန်းရပ်ကွက်ကဈေးတွေနဲ့ ပြည်မြို့ဆင်ခြဖုန်းရပ်ကွက်ကဈေးတွေကလည်း တစ်ဝက်ဈေးကွာတယ်၊ရန်ကုန်ကနေဆင်းဝယ်ကြတာအတော်များဝာယ်၊ပြည်မြို့ကလည်းကြီးတယ်လေ၊လူဦးရေလည်းထူထပ်တယ်၊စည်လည်းစည်တယ်၊အရောင်းအဝယ်ကောင်းတယ်၊ပြည်မှာ အခုအမရောင်းတဲ့မြေကွက်တွေဆို ဝုန်းဒိုင်းကျဲပြီးတော့ဝယ်ကြတယ်၊မေးကြတယ်၊မထင်ထားဘူး၊ ပြည်ကရပ်ကွက်တွေအများကြီးပဲရှိတယ်၊လူစိတ်ဝင်စားမှုတအားမြင့်တက်နေတယ်တအားပဲ"ဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယင်းအပြင် ပြည်မြို့က အဝေးပြေးကားဝန်း၊ဘူတာ၊လေဆိပ်အပါအဝင် ဌာနဆိုင်ရာရုံးဆိုက်တဲ့မြို့လည်းဖြစ်တာကြောင့် အရောင်းအဝယ်သွက်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်။

" ပြည်မှာက အဝေးပြေးကားဝန်းရှိတယ်၊ရထားဘူတာတွေရှိတယ်၊လေဆိပ်လည်းရှိတယ်၊ပြည်တက္ကသိုလ်နဲ့ကောလိပ်တွေလည်းရှိတယ်၊ဌာနဆိုင်ရာတွေရုံးဆိုက်တဲ့မြို့လည်းဖြစ်တယ်၊အများကြီးပဲ ခရိုင်ရုံတွေကအစပေါ့၊ အရောင်းအဝယ်တွေကတော့ ရွှေတောင်၊အင်းမ၊သုံးဆယ်၊ပြည် အရောင်းအဝယ်တွေတအားလိုက်တယ် " ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှသိရပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်း ရန်ကုန်မြို့ Downtown မြို့နယ်အများအတွင်းတွင် နေထိုင်သူများမှာ မြို့စွန်ဘက်သို့ ပြောင်းရွှေ့နေထိုင်သူများမှာ ယခင်နေထိုင်ခဲ့သောနေရာကို ရောင်းချရတဲ့ ငွေများအနက်မှ ရင်းနှီးစားသောက်ရန်ငွေအချို့ဖယ်ထားပြီး စျေးနှုန်းအားဖြင့်သက်သာတဲ့ နေရာများကို ရှာဖွေနေထိုင်လာကြတာဖြစ်ပြီးပြောင်းရွှေ့နေထိုင်ကြတဲ့ မိသားစုများမှာ ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားရှိတဲ့နေရာမျိုး လောက်ကိုသာ အဓိကထားပြီး ဝယ်ယူနေထိုင်ကြ ာဖြစ်တယ်လို့လည်းသိရပါတယ်။ (မိုးမိုး)