Home  / News  / News Details

新闻详情

ဘီလီယံ ၂၅၀ ကျော်ဖိုးအထိပျက်စီးခဲ့တဲ့ ကယ်လီဖိုးနီးရားပြည်နယ်ရဲ့တောမီး

Jan 18, 2025  /

ဘီလီယံ ၂၅၀ ကျော်ဖိုးအထိပျက်စီးခဲ့တဲ့ ကယ်လီဖိုးနီးရားပြည်နယ်ရဲ့တောမီး

ဇန်နဝါရီလ (၁၈)ရက်။

Myanmar Property Dealer

 

 အမေရိကန်နိုင်ငံ  ကယ်လီဖိုးနီးရားပြည်နယ် Los Angeles မြို့ရဲ့အနောက်ဘက်အပိုင်းက ဆင်ခြေဖုံးမြို့နယ် တခုဖြစ်တဲ့ ပစိဖိတ်ပါလာဆိတ်ကစတင်ခဲ့တဲ့တောမီးဟာ အခုအခါမှာတော့ လူနေအိမ်ပေါင်းများစွာရဲ့ပျက်စီး  မှုအကြောင်း အရင်းတခုဖြစ်လာခဲ့ပါတော့တယ်။

လေအေးတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ပိုမိုအားကောင်းလာတဲ့တောမီးဟာဆိုရင်ရက်အနည်းငယ်အ တွင်း နီးစပ်ရာမြို့တွေဖြစ်တဲ့ Eaton(အတွန်) Hurst နဲ့ Hollywood တောင်ကုန်းအထိပါပျံနှံခဲ့တာဘဲဖြစ်ပါတယ်။

ဒီလိုတောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့်လည်း ကမ္ဘာကြယ်ပွင့်များစွာနှင့်အတူ သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေဟာလည်း ရက်အနည်းငယ်အတွင်းမှာ ပြာပုံဖြစ်ခဲ့ရတာဘဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများအရ တောမီးလောင်ကျွမ်းမှုဟာ ဧက ၄၀၀၀၀ ကျော်အထိရှိလာခဲ့ပြီးလက်ရှိအချိန်ထိ  မီးလောင်မှုကြောင့် လူ ၂၇ ဦးအထိသေဆုံးခဲ့ပြီး လူနေအိမ်နှင့်အဆောက်အဦပေါင်း ၁၂၀၀၀ ကျော်ကိုလောင်ကျွမ်းဖျက်စီးခဲ့တာဘဲဖြစ်ပါတယ်။

အကယ်၍ ရာသီဥတုသာမျက်နှာသာမပေးခဲ့ဘူးဆိုရင် ဒီ့ထပ်တောင်အပျက်အစီးများနိုင်သေးတယ်ဆိုပြီး မီးဘေးတာဝန်ရှိသူတွေကလည်းပြောကြားထားကြပါသေးတယ်။

သက်ဆိုင်ရာအာဏာပိုင်များ နဲ့နိုင်ငံတဝန်းမှာရှိတဲ့ကယ်ဆယ်ရေးအဖွဲ့အစည်း တွေကလည်း မီးဘေးအန္တရာယ်ရှိတဲ့ဒေသမှ လူဦးရေ ၂သိန်းဝန်းကျင်ကို အရေးပေါ်ပြောင်းရွှေ့မှုတွေလုပ်ဆောင်ပေးနေကြတာလည်းဖြစ်ပါတယ်။

လောင်ကျွမ်းခဲ့တဲ့တောမီးရဲ့အပျက်အစီးတန်ဖိုးဟာ ကန်ဒေါ်လာ ၂၅၀ ဘီလီယံကနေ ၂၇၅ ဘီလီယံအထိရှိနိုင်တယ်လို့လည်း FOX 11 L.A သတင်းဌာနရဲ့သုံးသပ်ချက်အရသိရပါတယ်။