Samanea Yangon Market မှာဆိုင်ခန်းများကို အထူးဈေးနှုန်းဖြင့်ငှားရမ်းပေးနေ။
Myanmar Property Dealer
ဇန်နဝါရီလ (၂) ရက်
နိင်ငံတကာကုန်သွယ်မှုအတွက် ရန်ကုန်မြို့ရဲ့အချက်အချာနေရာဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်မှာရှိတဲ့ Samanea Yangon Market မှာဆိုင်ခန်းများကို အထူးဈေးနှုန်းဖြင့် ၁ မီတာစကွဲယား ကို ၂ ဒေါ်လာနှုန်းဖြင့်ငှားရမ်းပေးနေတယ်လို့သိရပါတယ်။
အဆိုပါဆိုင်ခန်းများကိုငှားရမ်းလိုပါက တစ်နှစ်စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး၊စပေါ်သဘောဖြင့် ၅သိန်းကိုတင်ထားရမှာဖြစ်ပြီး၊တစ်နှစ်အတွင်းဆိုင်ခန်းပြန်လည်အပ်နှံပါကစပေါ်၅သိန်းဆုံးရှုံးမှာဖြစ်ပြီး၊တစ်နှစ်ကျော်မှဆိုင်ခန်းပြန်လည်အပ်နှံချင်ပါက စပေါ်ငွေ၅သိန်းကိုပြန်လည်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိတွင် Samanea Yangon Market အတွင်းဆိုင်ခန်းငှားရမ်းလိုသူများကို ပထမ၃လအတွင်း ၁ မီတာစကွဲယားကို ၂ဒေါ်လာဖြင့်ငှားရမ်းပေးနေပြီးကျန်လများကိုတော့ဈေးနှုန်းအပြောင်းအလဲဖြစ်နိုင်တယ်လို့လည်းသိရပြီး Samanea Yangon Market အတွင်းရှိဆိုင်ခန်းအကျယ်များမှာ (၃၀) မီတာစကွဲယားမှ (၈၀)မီတာစကွဲယားအထိရှိတယ်လို့လည်းသိရပါတယ်။ အသေးစိတ်သိရှိလိုပါက Samanea Yangon Market 09 42851 9833 ကိုဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါတယ်။