Home  / News  / News Details

新闻详情

နေပြည်တော်ကို “Clean City, Green City, Smart City” အဖြစ် ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပူးပေါင်းပါဝင်မှု အရေးပါ

Jun 16, 2026  /

နေပြည်တော်ကို “Clean City, Green City, Smart City” အဖြစ် ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပူးပေါင်းပါဝင်မှု အရေးပါ

ဇွန်လ(၁၆)

Myanmar Property Dealer

နေပြည်တော်ကို “Clean City, Green City, Smart City” အဖြစ် ဖော်ဆောင်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးပွဲတွင် နေပြည်တော်သည် နိုင်ငံရဲ့  အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့အလျောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော်တစ်ခုအဖြစ် တည်ဆောက်သွားရမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်တဲ့ “Clean City, Green City, Smart City” ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင်ခရီးသွားလုပ်ငန်းကဏ္ဍသည် Smart City တည်ဆောက်ရေးတွင် အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး Smart Economy စနစ် ဖော်ဆောင်ရာတွင်လည်း အထောက်အကူပြုလျက်ရှိကြောင်း သိရပြီးခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် Online Booking System Digital Payment System နှင့် Smart Tourism Platform များ အသုံးပြုခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတာပါ။

ထို့ပြင် Green City ရည်မှန်းချက်နှင့်အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု မြှင့်တင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၁) လုံး၌ ဆိုလာစွမ်းအင်စနစ်များ တပ်ဆင်အသုံးပြုလျက်ရှိပြီး နောက်ထပ် ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၇) လုံးတွင်လည်း ဆိုလာစနစ်များ တပ်ဆင်နိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုများ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

နေပြည်တော်ကို သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်တဲ့ ခေတ်မီမြို့တော်တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ရှိတယ်လို့လည်းသိရပါတယ်။