Home  / News  / News Details

新闻详情

ဒလတွင် အိမ်ခြံမြေဈေးကွက် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

Jan 10, 2024  /

ဒလတွင် အိမ်ခြံမြေဈေးကွက် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ

ဇန်နဝါရီ (၁၀) ရက်

Myanmar Property Dealer

 ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းကြောင့်ဒလအိမ်ခြံမြေဈေးကွက်ဟာ အမြင့်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များထံကနေ သိရပါတယ်။

 " ဈေးက သိန်းတစ်သောင်း၊ နှစ်သောင်း ဝန်းကျင်လောက်နဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်။ ပြီးတော့ လမ်းတွေဘာတွေလည်းခင်းလိုက်တော့ လမ်းမဘက်ခြမ်းကပိုပြီး အရောင်းအဝယ်ဖြစ်နေတာပေါ့။ နာရီစင်နားဆိုရင်လည်း အရင်နဲ့တခြားစီးဖြစ်သွားပြီ။ ဈေးလည်းကောင်းတယ်"ဟု ဒလမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောပါတယ်။

ဒလတံတားတည်ဆောက်နေမှုဟာ လက်ရှိတွင် ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်တဲ့အတွက် ဒလမြို့နယ် အိမ်ခြံမြေဈေးကွက်မှာ ဝယ်ယူမှု များပြားလာသလို ဈေးနှုန်းကလည်း ဆမတန် မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒလတံတားစီမံကိန်းအလျှင်အမြန်ပြီးစီးနေတဲ့ အခြေအနေတွေကြောင့် လက်ရှိမှာ မြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေပြီးယခင်က သိန်း ၈၀၀ ရှိနေတဲ့မြေကွက်ပေါက်ဈေးက လက်ရှိတွင် သိန်း ၁၀၀၀၀ အထိဖြစ်နေတယ်လို့ ဆိုပါတယ်။