Home  / News  / News Details

新闻详情

အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် မြို့နယ်ထွေအုပ် အသိအမှတ်ပြုကတ် (လိုင်စင်) ကိုင်ဆောင်ထားရန် လိုအပ်

Jun 25, 2026  /

အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် မြို့နယ်ထွေအုပ် အသိအမှတ်ပြုကတ် (လိုင်စင်) ကိုင်ဆောင်ထားရန် လိုအပ်

ဇွန် (၂၄) ရက် ။

Myanmar Property Dealer

အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စနစ်တကျနှင့် တရားဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး အကျိုးဆောင်များအနေဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးတဲ့ အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုကတ် (လိုင်စင်) ကို ကိုင်ဆောင်ထားရန် လိုအပ်နေပြီလို့သိရပါတယ်။

လက်တလောတွင်အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့်  မိမိနှစ်သက်ရာအိမ်ခြံမြေအသင်းများတွင်ဝင်ရောက်ပြီးအသင်းမှထုတ်ပေးထားရှိတဲ့အသင်းဝင်အသိအမှတ်ပြုကတ်ပြားများကိုင်ဆောင်ထားသော်လည်း လက်ရှိတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးတဲ့ အိမ်ခြံမြေအကျိုးဆောင် အသိအမှတ်ပြုကတ်လိုနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။

‘’ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ  အိမ်ခြံမြေ အသိအမှတ်ပြုကတ်တွေကိုထုတ်ပေးတယ်ဆိုတာက အိမ်ခြံမြေရောင်းဝယ်ရာမှာ ဈေးကွက်အတွင်း စည်းကမ်းတကျဖြစ်စေဖို့၊ အရောင်းအဝယ်ဆိုင်ရာ မှန်ကန်မှုနှင့် ယုံကြည်စိတ်ချရမှုတွေတိုးမြှင့်လာစေဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်။ဒီလိုမှမဟုတ်ပဲ ရောင်းမှားဝယ်မှားဖြစ်တယ်။လိမ်လည်မှုတွေဖြစ်တယ်ဆိုရင် အုပ်ချုပ်ရေးကပဲတာဝန်ယူဖြေရှင်းပေးနေရတာ ‘’ဟုလည်း ထန်းတပင်မြို့နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း(တွဲဖက်) အတွင်းရေးမှူးဦးသူရအောင်က ပြောပါတယ်။

ဒါ့အပြင် အိမ်ခြံမြေအရောင်းအဝယ်များတွင် ဖြစ်ပွားလေ့ရှိတဲ့ လိမ်လည်ရောင်းချမှုများ၊ မြေကွက်တစ်ကွက်တည်းကို အကြိမ်ကြိမ်ရောင်းချခြင်းများ၊ ပိုင်ဆိုင်မှုအငြင်းပွားမှုများနှင့် အခြားဥပဒေရေးရာ ပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ပြီး ဝယ်ယူသူနှင့် ရောင်းချသူ နှစ်ဖက်စလုံးအတွက် လုံခြုံမှုနှင့် ယုံကြည်မှု ပိုမိုရရှိစေမည်ဖြစ်တယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ထားကြပါတယ်။

 

သင်တန်းမတက်လည်းရတယ်၊ လိုင်စင်မရှိလည်းရတယ်သို့မဟုတ်ရောင်းသူ၊ ဝယ်သူ ယုံကြည်မှုရှိရင် လုံလောက်တယ်ဆိုတဲ့ သဘောထားတွေကို လူမှုကွန်ရက်တွေမှာ တွေ့မြင်နေရပေမဲ့ လက်တွေ့မှာအိမ်ခြံမြေဝယ်ယူရာမှာ နားလည်တတ်ကျွမ်းပြီး တာဝန်ယူမှုရှိတဲ့ အကျိုးဆောင်များ၊ တရားဝင်အသိအမှတ်ပြုထားတဲ့ ကျွမ်းကျင်သူများနှင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ပြီးဝယ်ယူမှသာ နောင်တချိန်မှာပြဿနာမဖြစ်မှာ ဒါကြောင့် သင်တန်းတွေသေသေချာချာတက်သင့်တယ်ဟုလည်း ‘’ဦးသူရအောင်ကဆိုပါတယ်။

လက်ရှိတွင် ဒေါ်မို့မို့အောင်ဦးဆောင်တဲ့ မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ၊ဦးခင်မောင်သန်းဦးဆောင်တဲ့ မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် မြန်မာနိင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ရှိနေပြီး အဆိုပါအသင်းများမှ ငွေကြေးခဝါချသင်တန်း၊များကိုပို့ချဖွင့်လှစ်လျက်ရှိတယ်လို့လည်းသိရပါတယ်။