Home  / News  / News Details

新闻详情

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်ကာလ ဟိုတယ်/ တည်းခိုခန်းများ ကြိုတင်ဘွတ်ကင်ပြုလုပ်သူများပြားလာ

Nov 4, 2024  /

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်ကာလ ဟိုတယ်/ တည်းခိုခန်းများ ကြိုတင်ဘွတ်ကင်ပြုလုပ်သူများပြားလာ 

 နိုဝင်ဘာလ (၄)ရက် ။

Myanmar  Property Dealer 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းကျင်းပမယ့်ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြိုရဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို လာရောက်လည်ပတ်ရန်အတွက်  ဟိုတယ်အခန်း ကြိုတင်ဘွတ်ကင်ပြုလုပ်သူ များပြားလျက်ရှိနေတယ်လို  ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။

ဟိုတယ်အခန်းခဈေးနှုန်းများ ယခင်ထက် အနည်းငယ် မြင့်တက်လာသော်လည်း အောက်တိုဘာ စတုတ္ထပတ်မှ စတင်ပြီး အခန်းကြိုတင်ဘွတ်ကင် ပြုလုပ်သူများပြားလာခဲ့ရာ မီးပုံးပျံပွဲတော်ပြုလုပ်မယ့် အဝေရာမီးပုံးပျံကွင်းအနီးရှိ ဟိုတယ်/တည်းခိုခန်းများမှာ ပွဲတော်ရက်များအတွက် အခန်းပြည့်လု နီးပါးအထိပင်ရှိနေတယ်လို့လည်းသိရပါတယ်။

လက်ရှိ ရက်ပိုင်းအတွင်း ဟိုတယ်နှင့် တည်းခိုးခန်း အခန်းခ ဈေးနှုန်းများ စုံစမ်းသူများမှာ သိသိသာသာများလာကြောင်းနှင့် အခန်းဈေးနှုန်းများမှာ ဟိုတယ်တစ်ခုနှင့် တစ်ခု မတူသော်လည်း ယမန်နှစ်ထက်စာလျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လာနေတယ်လို့လည်းသိရပါတယ်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နိုဝင်ဘာ(၉)ရက်မှ နိုဝင်ဘာ(၁၅)ရက်အထိ (၇) ရက်တိုင်တိုင် ကျင်းပမှာဖြစ် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ စုစုပေါင်း ၂၅၀ကျော် လွှတ်တင်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။