ဆောက်လုပ်ရေးလုပ်ငန်းအတွက်အရေးပါဆုံးဘိလပ်မြေများဈေးကွက်ထဲပြတ်လပ်နေ
ဇန်နဝါရီ
(၂၄)ရက်။
Myanmar Property Dealer
ယခုရက်ပိုင်းဈေးကွက်ထဲတွင်
ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအဆမတန်ဈေးမြင့်
တက်နေပြီး တချို့ပစ္စည်းများမှာ ဝယ်ယူရရှိနိုင်ခြင်းမရှိတဲ့အတွက်
လုပ်ငန်းနားထားရတဲ့ဆိုဒ်များရှိနေတယ်လို့သိရပါတယ်။
အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး
ဘိလပ်မြေ၊ ကြွေပြား၊သုတ်ဆေးအပြင်သဲကျောက်များပါဈေး
အဆမတန်တက်ပြီးဝယ်မရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။
လက်တလောတွင်ဘိလပ်မြေဈေးက
နှစ်ဆခန့်မြင့်တက်နေတယ်။
ဘိလပ်မြေတစ်အိတ်လျှင်
တစ်သောင်းခွဲဝန်းကျင်ကနေအခု
ဆိုရင် သုံးသောင်ရှစ်ထောင်အထိ ဈေးရှိနေတယ်။ဒါကရန်ကုန်ဈေးကွက်ထဲမှာ
နေပြည်တော်မှာဆိုရင် ၂၃၀၀၀၊ မန္တလေးမှာဆိုရင်တော့ ၂၁၀၀၀လောက်ထိဈေးတွေပေါက်နေတယ်။’’ဟု ဆောက်လုပ်ရေးလုပ်ငန်းမှအဝယ်တော်တစ်ဦးထံမှသိရပါတယ်။
‘’ဈေးတက်တာကတော့
ပစ္စည်းအကုန်တက်နေတယ်
၊အဓိကတော့ ဘိလပ်မြေပေါ့ အရင်က ဘိလပ်မြေထုတ်လုပ်ရေးအတွက် တောင်တွေကိုဖောက်ခွဲဖို့ယမ်းတွေတင်သွင်းမရဝယ်မရတော့
စက်ရုံလည်မရဘူး၊နောက်တခါ
ဘိလပ်မြေထုတ်လုပ်ရာတွင်
အဓိက လိုအပ်တဲ့ဂေါဒန်ကျောက် မရရှိခြင်းတာကောင့်စက်ရုံတွေ တချို့ရပ်နားထားရတယ်။ဒါကြောင့်ဈေးကွက်ထဲမှာဘိလပ်မြေဈေးတက်ရတာဖြစ်တယ်လို့လည်း’’ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။