Home  / News  / News Details

新闻详情

မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားနေတဲ့ ဒူဘိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ

Dec 5, 2025  /

မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားနေတဲ့ ဒူဘိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ

ဒီဇင်ဘာ    ရက်

Myanmar Property Dealer

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့က ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ Myanmar India China Association (MICA) ရဲ့ အဖွဲ့ဝင် ဦးဆန်းအောင်ရဲ့ပြောကြားချက်အရသိရပါတယ်။

ဒူဘိုင်းအခြေစိုက်အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Danube Properties ကုမ္ပဏီက ဆောက်လုပ်ထားတဲ့ အိမ်ရာအဆောက်အအုံမိတ်ဆက်ပွဲအခမ်းအနားကိုလည်း ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်မှာနိုဝင်ဘာ ၂၉ - ၃၀ နှစ်ရက်ကျင်းပခဲ့တယ်လို့သိရပါတယ်။

မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့အတူ ဒူဘိုင်း ဆောက်လုပ်ရေး ကုမ္ပဏီတွေကိုဖိတ်ခေါ်ထားတာြဖစ်ပြီး Danube Properties ကုမ္ပဏီက တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်အများအပြား တက်ရောက်ဆွေးနွေးခဲ့ကြတာဘဲဖြစ်ပါတယ်။

ဒူဘိုင်းမှာလည်း မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနေပြီး ဒူဘိုင်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်ငန်း စတဲ့ တခြားလုပ်ငန်းနယ်ပယ်တွေမှာမြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။