Home  / News  / News Details

新闻详情

သုခဒဂုံအိမ်ရာရှိ အခန်းပေါင်း ၂၀၀၀ နီးပါး ထပ်မံနေရာချပေးရန် စီစဉ်နေ

Jun 21, 2024  /

သုခဒဂုံအိမ်ရာရှိ အခန်းပေါင်း ၂၀၀၀ နီးပါး ထပ်မံနေရာချပေးရန် စီစဉ်နေ

ဇွန်လ (၂၁)ရက်။

Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာရှိတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၂၀၀၀ နီးပါးကို ထပ်မံနေရာချထားပေးရန် ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရပါတယ်။

အဆိုပါအငှားအိမ်ရာရှိ အခန်းများကို ယခုဇွန်လအတွင်း အခန်းပေါင်း ၈၁၀ခန်း၊ ဇူလိုင်လတွင် ၈၆၄ ခန်းနှင့် ဒီဇင်ဘာလတွင် ၂၇၂ ခန်း ထပ်မံနေရာချထားပေးရန် စီစဉ်နေတာပဲဖြစ်ပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့်ပြည်သူများကို ဈေးနှုန်းသက်သာစွာ ငှားရမ်းနေထိုင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ပေးထားတာဖြစ်ပြီး၊၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အခန်းပေါင်း ၁၁၆၈ ခန်းကို နေရာချထား ပေးပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ (မိုးရာ)