ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းဘုရား၊ စေတီ(၅ဝ)ခန့် အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်သွားမည်
ဩဂုတ် (၃၁)ရက်။
Myanmar Property Dealer
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ပုဂံဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ (၅၀)ခန့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ဒုတိယအဆင့်ကို အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ အချက်အလက်များအရ သိရပါတယ်။
အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့သည် ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်း အဆောက် အအုံ၊ ဘုရား၊ စေတီ ၅၀ ခန့် တည်ဆောက်ပုံထိန်းသိမ်းရေးနှင့် ဓာတုဗေဒဆိုင်ရာပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ဒုတိယအဆင့်ကို ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ထားရှိပါတယ်။
ပြီးခဲ့တဲ့
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား (၆.၈) ရှိ ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီပေါင်း
(၁၀၀) ကျော် ပျက်စီးခဲ့ရပြီးနောက် ပုဂံဒေသ ပြန်လည်ထူထောင်ရေးစီမံကိန်းကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (ASI) မှ စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။