Home  / News  / News Details

新闻详情

‘’ “အိမ်ခြံမြေအကျိုးဆောင်အလုပ်ကိုရူးသွပ်မှုနဲ့လုပ်နေတာ””

Oct 17, 2022  /

‘’ “အိမ်ခြံမြေအကျိုးဆောင်အလုပ်ကိုရူးသွပ်မှုနဲ့လုပ်နေတာ””
 
Myanmar Property Dealer (ဆောင်းပါး)
အောက်တိုဘာ - (၁၇)ရက်
 
‘’တခါတလေအကျိုးဆောင်ခသုံးသောင်း၊ငါးသောင်းရတာနဲ့လည်းအရောင်းအဝယ်လုပ်လိုက်တာပဲ” တကယ်တော့ အဲဒီရတဲ့ငွေက ကျွန်မကားဆီဖိုးတောင်မရှိဘူး၊’’ဟုပြောလာတာကတော့ အရှေ့ဒဂုံအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးပဲဖြစ်ပါတယ်။
‘’ဪ “
ငါဒီနေ့အကွက်တစ်ကွက်အရောင်းအဝယ်ဖြစ်သွားတယ်ဆိုတဲ့စိတ်၊ငါဒီနေ့အကျိုးဆောင်ပေးလိုက်ရတယ်။ကျွန်မဘာလို့ ဒီလိုတွေလုပ်ရတာလဲဆိုရင် ရူးသွပ်တာ။ အိမ်ခြံမြေအရောင်းအဝယ်လုပ် နေရရင်ကို ပျော်နေတာဟု အသက် ၁၉နှစ်အရွယ်ထဲကစတင်ပြီးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကို စတင်လုပ်ကိုင် လာခဲ့တဲ့ မိုးသဇင်အိမ်ခြံမြေ အကျိုးဆောင် ဒေါ်မို့မို့အေးက ဆိုလာတာပါ။
“ဟိုးအရင်အချိန်များကဆိုရင်အိမ်ခြံမြေအကျိုးဆောင်များကို‘’ထီးဖြူဖိနပ်ပါးပွဲစားများ’’ဟုခေါ်တွင်ခဲ့ကြတာဖြစ်ပြီးအဲဒီအချိန်၊အဲဒီခေတ်ကာလထဲကအိမ်ခြံမြေအလုပ်ကိုရူးသွပ်စွာနဲ့စတင်ခဲ့တာဖြစ်တယ်လို့လည်းဒေါ်မိုးမိုးအေး ကဆိုပါတယ်။
သူမအိမ်ခြံမြေအကျိုးဆောင်စလုပ်ခဲ့ချိန်ကဆိုရင် လက်ရှိ ဒဂုံဘက်ခြမ်းမှာဝန်ထမ်းတွေတီအီးကားတွေနဲ့လာပြီး အိမ်ကွက်လာရိုက်ပုံ၊စလစ်ပြားထုတ်ပေးနေပုံတွေကိုလည်း သူမကအခုလိုပြန်ပြောပါသေးတယ်။
‘’မှတ်မိသေးတယ်။ကျွန်မကငယ်သေးတယ်လေ။အဲဒီချိန်မှာ ဒီရပ်ကွက်တွေကိုအကွက်စရိုက်ပေးတော့ ဝန်ထမ်းတွေက မြို့ထဲကနေ တီအီးကားတွေနဲ့လာကြတယ်။ပြီးတော့ဒီနေရာတွေမှာ အမိုးတွေမိုးပြီး စလစ်တွေထုတ်ပေးကြတာ။အဲဒီတုန်းကဆိုရင်ဒီအကွက်တွေကစလစ်ကြေးသွင်းရတာပေ ၄၀၊ ပေ၆၀ တစ်ကွက်ကို တစ်သောင်းကျပ် ပဲသွင်းရတာလေ။ဒါတောင်တချို့တွေက အကွက်တွေကိုကြည့်ပြီးစိတ်ပျက်သွား ကြတယ်။သူတို့လက်ထဲကစလစ်တွေကို လေးထောင်ငါးထောင်နဲ့ရောင်းသွားတဲ့သူတွေတစ်ပုံကြီးအခုတော့ ဒီနေရာတွေက ထောင်ချီတန်သွားပြီ’’ဟုလည်းသူမဖြတ်သန်းတဲ့ကာလတွေကိုပြန်ပြောင်းပြောတာပါ။
ဒဂုံမြို့သစ်အရှေ့ပိုင်းကို (၁၉၈၉)ခုနှစ်တွင် ယခင်တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ရပ်ကွက် (၅၄)ခုဖြင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ယခင်ကတော့ နေရာအများစု မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ စည်ပင်သာယာနှင့်သက်ဆိုင်တဲ့ အခြေခံဝန်ဆောင်မှုတွေလည်း ဘာဆိုဘာ မှမရှိသေးပါဘူး။
‘’ကျွန်မတို့အရှေ့ဒဂုံကတော့အရင်ကဆိုရင်ဘယ်သူမှမနေချင်ကြဘူးလေ။အခုတော့အရမ်းကိုစည်းကားလာပြီ၊ လက်ထဲမှာပိုက်ဆံ(၅၀၀)ကျော်လောက်နဲ့ ကိုယ်ပိုင်ခြံဝန်း ပေ၄၀၊ပေ၆၀ နဲ့နေလို့ရတာအရှေ့ဒဂုံ ပဲရှိတော့ တယ်။ ကျန်တဲ့မြို့နယ်တွေထဲမှာမြေလွတ်မရှိသလောက်ဖြစ်နေပြီ၊နောက်တစ်ချက်က ကျွန်မတို့အရှေ့ဒဂုံရဲ့ ထူးခြားချက်က အမှတ် (ရ)လမ်းမကြီးက အမှတ်(၂)လမ်းမကြီး၊အမှတ်(၃)လမ်းမကြီးကိုတိုက်ရိုက်ပေါက်ထား တယ်။ ဒါကတစ်ချိန်ချိန်မှာ စီမံကိန်းအကြီးကြီးရှိမယ်ဆိုတဲ့သဘောဖြစ်နေတယ်၊အဲဒီအတွက်လည်း ရင်းနှီးမြုတ်နှံ ချင်သူတွေ က စိတ်ဝင်စား လာကြတယ်’’ ဟုလည်းသူ့အတွေ့အကြုံကိုပြောပြတာပါ။
အိမ်ခြံမြေအကျိုးဆောင်အလုပ်ဆိုတာကလည်းလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး၊ရောင်းမှားဝယ်မှားတွေကြုံခဲ့ရတာကလည်းအကျိုးဆောင်တိုင်းကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ဒေါ်မိုးမိုးအေးတစ်ယောက်လ
ည်းဒီလိုအမှားမျိုးတွေကိုငယ်စဉ်ကကြုံတွေ့ခဲ့ရပေမယ့် ၊လုပ်ငန်းအတွေ့အကြုံနှစ်ပေါင်း၃၀ကျော် လာပြီးတဲ့ အချိန်မှာ တော့ဒီလိုပြဿနာမျိုးသူ မကြုံတွေ့ရတော့ဘူးလို့လည်းဆိုပါတယ်။
‘’အရင်ကလုပ်ရတာနဲ့အခုလုပ်ရတာကမတူတော့ဘူး၊အခုခေတ်ကအကျိူးဆောင်လုပ်လို့ကောင်းတယ်။အမှားအယွင်းလည်းနည်းသွားတယ်။ဘာလို့လဲဆိုတော့ လိမ်ရောင်းတာတွေ။ စလစ်အတုတွေနဲ့စာချုပ်စာ တမ်းလုပ်ပြီးရောင်း တာတွေရှိတယ်၊ဒီဘက်ခေတ်မှာတော့ဘာပဲလုပ်လုပ်၊လိုင်းပေါ်တင်ပြီးလုပ်တဲ့အခါမှာ လူသိတော့အမှားအယွင်းနည်းသွားတယ်လို့လည်းသူကပြောပါသေးတယ်။’’
အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်းမလွယ်ကူလှပါဘူး။ပြိုင်ဆိုင်မှုများတဲ့ဒီဘက်ခေတ်မှာပိုလို့တောင်ဆိုးလာပါသေးတယ်။ကိုယ့်နယ်မြေထဲမှာရှိတဲ့မြေကွက်၊မြေပုံတွေကို အလွတ်ကျက်မှတ်ထားရပြီး ကြိုက်တဲ့ အချိန်မေးလက်တန်းပြောနိုင်တဲ့ အထိလေ့လာထားရတယ်လို့လည်းသူကပြောလာပါသေးတယ်။
‘’ကျွန်မဆိုရင်အရှေ့ဒဂုံနဲ့ပတ်သက်ပြီးမြေပုံ စာရွက်သုံးလေးခုလောက်ကိုနေရာတိုင်းမှာထားတာ။ ထမင်းစားပွဲမှာ တစ်ခု၊အိပ်ယာပေါ်မှာတစ်ခု၊ဘုရားစင်မှာတစ်ခု၊တခါတလေဆိုရင်ဘုရားရှိခိုးနေချိန်မှာဖုန်းမြည်လာပြီးဘယ်အကွက်ကဘယ်ဈေးရှိလဲ၊ဈေးလေးဖြတ်ပေးပါဆိုရင်ချက်ခြင်းဘုရားရှိခိုးတန်းလန်းကြီးဈေးထ ဖြတ်ပေးရတာ တွေလည်း ရှိတယ်။’’ဟုသူမကရယ်မောစွာပြန်ပြောပြတာပါ။
ဒဂုံအရှေ့မှာဝယ်တဲ့သူတွေကလမ်းမတန်းမှာရင်းနှီးမြုတ်နှံတာထက်ခုနောက်ပိုင်းမှာတကယ်နေချင်လို့ကိုဝယ်ကြတဲ့သူတွေများလာပါတယ်။အဆောက်အဦတွေည်းအများအပြားဆောက်ကုန်ကြတယ်။တော်တော်လေးစည်ကားလာပြီးအရင်(၁၃၀)၊ (၁၃၁)၊(၁၃၂)ဘက်ခြမ်းဆိုရင်အနိမ့်ဆုံးအိမ်ခြေ (၇၀၀) ဝန်းကျင်ခန့်ရှိနေပြီလို့လည်းသိရပါ တယ်။
၂၀၁၄ ခုနှစ်ကကွင်းခေါင်ခေါင်ဖြစ်နေတဲ့ ဒဂုံအရှေ့ခြမ်းကအခုဆိုရင် လူနေမှုထူထပ်လာပြီးရပ်ကွက် တစ်ခုမှာ အိမ်ခြေ(၅၀၀)ဝန်းကျင်ရှိနေပြီး၊မြောက်ဒဂုံမှာဝယ်ယူမယ်ဆိုရင်တောင် လူနေဖို့လောက် သာဖြစ်နိုင်ပြီး အနိမ့်ဆုံး ၂ထပ်တိုက်တွေပြည့်နေပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။
တခြားမြို့နယ်တွေမှာအကွက်လွတ်မရှိသလောက်ဖြစ်နေချိန်မှာဒဂုံအရှေ့ပိုင်း မှာတော့ ရင်းနှီးမြုတ်နှံစရာ အကွက်များစွာကျန်နေသေးပြီးစက်မှုဇုံတွေ၊အိမ်ရာစီမံကိန်းတွေနှင့်တခြားစီမံကိန်းလုပ်စရာအများကြီးရှိနေတာကြောင့် အရှေ့ဒဂုံဟာအရောင်းအဝယ်ဆက်လက်ဖြစ်နေအုံးမှာလို့လည်းသူမကဆိုပါတယ်။