သုခဒဂုံပြည်သူ့အငှားအိမ်ရာမှYBS
-118 နှင့် YBS-97 ယာဉ်လိုင်းနှစ်လိုင်းစတင်ပြေးဆွဲ
ဒီဇင်ဘာ
(၁၅)ရက်။
Myanmar
Property Dealer
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ကြတဲ့ပြည်သူတွေအတွက် YBS ယာဉ်လိုင်း(၂)လိုင်း ဖြစ်တဲ့ YBS -118 ၊YBS-97တို့ယနေ့(ဒီဇင်ဘာ-၁၅)ရက်မှာစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။
YBS-118 ယာဉ်လိုင်းကသုခဒဂုံပြည်သူ့အငှားအိမ်ရာ မှ ဆူးလေအထိပြေးဆွဲမှာဖြစ်ပြီး၊YBS-97 ယာဉ်လိုင်းအနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ
ကနေ ထောက်ကြံ့အထိပြေးဆွဲပေးမှာဖြစ်ပြီး၊ယာဉ်လိုင်းတွေအနေနဲ့
နံနက်၅နာရီခွဲမှစတင်ပြီး၁၀မိနစ်တစ်စီးခြားပြေးဆွဲမှာဖြစ်တယ်လို့လည်းအိမ်ရာဝန်းအတွင်းနေပြည်သူတွေထံကနေသိရပါတယ်။
လက်ရှိယာဉ်လိုင်း ကားဂိတ်တွေကိုယာယီအနေနဲ့ F
Blockမှာထားရှိထားပြီး ယာဉ်လိုင်းဂိတ်ကိုတော့ Road 12 k blockနား မှာဆောက်လုပ်သွားမှာလို့လည်းသိရသည်။
ပြည်သူ့အငှားအိမ်ရာတည်ရှိတဲ့နေရာဟာ ရန်ကုန်မြို့တွင်းနဲ့ အနည်းငယ် အလှမ်းဝေးတဲ့အတွက် ပြည်သူတွေ သွားရေး လာရေး အဆင်ပြေအောင် ကုမ္ပဏီ ၄ ခုက YBSယာဉ်လိုင်း (၅) လိုင်းပြေးဆွဲဖို့စီစဉ်ဆောင်ရွက်ထားတာလည်းဖြစ်ပါတယ်။