Home  / News  / News Details

新闻详情

နေပြည်တော်မှာ အိမ်ခြံ​မြေ အရောင်းအဝယ်သွက်​နေပြီး ဧရာဝတီလမ်း​ဘေးဆို သိန်းခြောက်သောင်းထိ အရောင်းအဝယ်ဖြစ်နေ

Jul 8, 2026  /

နေပြည်တော်မှာ အိမ်ခြံ​မြေ အရောင်းအဝယ်သွက်​နေပြီး ဧရာဝတီလမ်း​ဘေးဆို သိန်းခြောက်သောင်းထိ အရောင်းအဝယ်ဖြစ်နေ
ဇူလိုင် (၈)
Myanmar Property Dealer
နေပြည်တော်မှာ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့အခြေနေမရှိသလို ဧရာဝတီလမ်းမပေါ်မှာဆိုရင် ကျပ်သိန်းပေါင်းခြောက်သောင်းကျော်က စျေးမြင့်တယ်ဆိုပေမယ့် အရောင်းဝယ်ဖြစ်တဲ့အ​ကြောင်းနဲ့ လက်ရှိ အခြေအနေမှာရောင်းသူတောင် မရှိတဲ့အကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အိမ်ခြံမြေ​ရောင်းဝယ်​ရေးအသင်းကနေ သိရပါတယ်။
“ကျွန်တော်တို့ ဧရာဝတီလမ်းပေါ်မှာဆိုလည်း သိန်းပေါင်းခြောက်သောင်းကျော်တယ် ဒါတောင်စျေးကြီးတဲ့အထဲမှာပါတာပဲလေ အခုဆို ဧရာဝတီလမ်းပေါ်မှာဆို ရောင်းမယ့်သူတောင်မရှိဘူး ပုဗ္ဗလည်းဖြစ်တာပဲ အရောင်းအဝယ်မဖြစ်ဘူးလို့ ပြောလို့ရတဲ့နေရာမရှိဘူး သူ့နေရာနဲ့သူ မူတည်ပြီး နေ့တိုင်း daily ဖြစ်တယ်”လို့ ဇမ္ဗူ အိမ်ခြံမြေအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိနေပြည်တော် အိမ်ခြံမြေက အရောင်းအဝယ်နှေးတာမြန်တာတို့ရှိနေပေမယ့် နေရာဒေသနဲ့ စျေးနှုန်းအပေါ်မူတည်တယ်လို့ဆိုပါတယ်၊ ဇမ္ဗူသီရိဆိုရင် အနည်းဆုံး သိန်းတသောင်းဝန်းကျင်နဲ့ တသောင်းအထက်မှာရှိပြီးတော့ အနည်းအကျဥ်းကတော့အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ၁၂ လပိုင်းမကုန်ခင်က ရွှေစျေး သိန်း ၁၀၀ အထက်ဖြစ်ခဲ့တဲ့နောက်ပိုင်း မြေစျေးတွေက ပိုပြီး တဟုန်ထိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်းသိရပြီးတော့ ပုဗ္ဗသီရိဖက်မှာဆို ၁၅၀၀၀ ကနေစပြီး သိန်း ၅၀၀၀ – ၆၀၀၀ အထိ အရောင်းအဝယ်ရှိခဲ့ကာ ဇမ္ဗူ သီရိမြို့နယ် ထဲက ရွှေကြာပင်နဲ့ သပြေကုန်းရဲ့အရောင်းအဝယ်စျေးကလည်း ရွှေကြာပင်စျေးနှုန်းက ၃၅၀၀ ကနေ ၄၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို သပြေကုန်းမှာက ၉၀၀၀ ကျော်အနည်းဆုံးပေါက်တယ်လို့ သိရပါတယ်။
ဒက္ခိဏသီရိဘက်မှာတော့ ပေ ၆၀ ပတ်လည် ၈၀ ပတ်လည် ၁၀၀ ပတ်လည်နဲ့ ၁၂၀ ပတ်လည်အကွက်တွေထဲက ၆၀ ပတ်လည်ကို အနည်းဆုံး ၁၂၀၀ ကစပြီးအရောင်းအဝယ်ဖြစ်ခဲ့သလို ၈၀ ပတ်လည်ကတော့ ၂၅၀၀ ကနေစပြီး အိမ်ပါမပါအပေါ် မူတည်ပြီးစျေးနှုန်းအပြောင်းအလည်းရှိမှတယ်လို့ သိရပါတယ်။
ဒီလိုအ​ရောင်းအဝယ်​တွေဖြစ်တဲ့ထဲမှာ တကယ်​နေထိုင်မယ့်သူ​တွေရှိသလို မြတ်ရင်​ရောင်းဖို့ အိမ်ခြံ​မြေ​ဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံသူ​တွေများတယ်လို့ သိရပါတယ်။