သုခဒဂုံပြည်သူ့အငှားအိမ်ရာ မြေညီထပ်များ ကာရံဆောင်ရွက်ပြီးပါက အခန်းပေါင်း ၇၇၆ ခန်းကို ပြည်သူများအတွက် အသုံးပြုနိုင်မည်
မေလ ( ၂၉)
Myanmar Property Dealer
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)
မြို့နယ်၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက PFI စနစ်ဖြင့် ဆောင်ရွက်လျက်ရှိနေတဲ့
သုခဒဂုံပြည်သူ့အငှား အိမ်ရာစီမံကိန်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
လက်ရှိတွင်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်း (ပထမအဆင့်)အနေဖြင့် လေးခန်းတွဲ ငါးထပ်အဆောက်အအုံ ၁၉၄
လုံးနှင့် အခန်းပေါင်း ၃၁၀၄
ခန်း
တည်ဆောက်ပြီးစီးကာ ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် အဆောက်အအုံများ၏ မြေညီထပ်များကို ကာရံဆောင်ရွက်ပြီးပါက ထပ်မံတိုးချဲ့ရရှိမဲ့ အခန်းပေါင်း ၇၇၆
ခန်းကိုလည်း ပြည်သူများအတွက် အသုံးပြုနိုင်မှာဖြစ်သဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးကို အလေးထားဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့တယ်လို့လည်းသိရပါတယ်။