ရန်ကုန်တွင်အိမ်၊ခြံ၊မြေငှားရမ်းခများမြင့်တက်လာ
ဧပြီလ (၁၈)ရက်။
Myanmar Property Dealer
ယခုရက်ပိုင်းတွေမှာ ရန်ကုန်မြို့မှာ နေအိမ်ငှားရမ်းခတွေ၊အဆောင်ငှားရမ်းခတွေ ဈေးတက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှသိရပါတယ်။
စစ်ဘေးရှောင်သူတွေ၊ငလျင်ဘေးရှောင်သူတွေများလာတဲ့အတွက် ရန်ကုန်မှာ နေအိမ်နဲ့ အဆောင်(မိသားစု၊လင်မယားအဆောင်)ငှားရမ်းသူတွေများလာတယ်လို့ ဆိုပါတယ်။
တိုက်ခန်းငှားရမ်းတဲ့သူတွေထက် ဒဂုံမြို့သစ်၊ရွှေပေါက်ကံမြို့သစ်လိုနေရာမျိုးတွေမှာ လုံးချင်းနေအိမ်လေးတွေငှားရမ်းသူတွေများလာပြီး ငှားရမ်းခတွေကတော့ (၂၀)ရာခိုင်နှုန်းလောက်အထိတက်လာတယ်လို့ သိရပါတယ်။
မြို့နယ်အချို့ကတိုက်ခန်းငှားနေတဲ့သူတွေကိုလည်း ငှားရမ်းခတွေ (၅)သောင်းမှသိန်းကျော် အထိတိုးတောင်းလို့အခက်တွေ့နေကြသူတွေများနေတယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ပြီး အခုနောက်ပိုင်းမှာတော့ အထပ်မြင့်တိုက်တွေမှာ နေထိုင်ရဲတဲ့သူတွေနည်းပါး လာလို့ အထပ်မြင့်တိုက်ခန်းတွေမှာ ငှားရမ်းသူတွေလည်းနည်းပါးသွားနိုင်တယ်လို့ အကျိုးတော်ဆောင်ရဲ့ သုံးသပ်ချက်အရသိရပါတယ်။
အထပ်မြင့်တိုက်တွေကို စိုးရိမ်နေကြသော်လည်းအခု ငလျင်လှုပ်ခတ်ပြီးနောက်ကယ်ဆယ် ရေးတွေဆောင်ရွက်ပြီးတဲ့အချိန်မှာ မြေညီတိုက်ခန်းတွေ မှာနေထိုင်တဲ့သူတွေက အသ-က်ဆုံးရှုံးရတာများတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရသိရပါတယ်။