Home  / News  / News Details

新闻详情

ရွှေနှင့်ဒေါ်လာဝယ်ယူမည့်အစား အိမ်ခြံမြေဈေးကွက်ကိုလုပ်ငန်းရှင်တွေပိုမိုစိတ်ဝင်စားလာ။

Sep 18, 2022  /

ရွှေနှင့်ဒေါ်လာဝယ်ယူမည့်အစား အိမ်ခြံမြေဈေးကွက်ကိုလုပ်ငန်းရှင်တွေပိုမိုစိတ်ဝင်စားလာ။
Myanmar Property Dealer
စက်တင်ဘာ (၁၈)ရက် ။
ပြည်တွင်းအိမ်ခြံမြေဈေးကွက်က ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေတာ ကနေ ၊ယခုနှစ်ပိုင်းမှာ ဝယ်လိုအားသိသိသာသာများလာတာ‌ကြောင့်အိမ်ခြံမြေဈေးကွက်အတွင်းဝယ်လိုအားနှင့်ရောင်းလိုအားမမျှမတဖြစ်နေကြောင်းအိမ်ခြံမြေဈေးကွက်အတွင်းကနေသိရသည်။
 
ခေတ်ကာလအရ အိမ်ခြံမြေဈေးကွက်ကိုစီးပွားရေးလုပ်ငန်းရှင်များမှပိုစိတ်ဝင်စားလာကြပြီးနေရာဒေသအလိုက်နေရာ ကောင်းရင်ကောင်းသလောက် အိမ်ခြံမြေဈေးကွက် သိသိသာသာကို ထိုးတက်လာ သည်ဟုလည်း သိရသည်။
“လက်ရှိဈေးကွက်နဲ့ အရင်ဈေးကွက်နဲ့ဆိုတာကတော့ ပထမတုန်းကတော့ ဒီလိုပေါ့ ဝယ်အားကနည်းတယ်၊ ရောင်းအားတွေကများတယ်၊ ရောင်းအားကများတယ်ဆိုတဲ့အခါကျတော့ ဈေးက တောင်းသလိုမျိုးမရဘူး။ အခုကတော့ အဝယ်လိုက်ကြတယ်။ခေတ်ကာလအရ ဝယ်အားများလာတယ်။ ရွှေဈေး၊ ဒေါ်လာဈေး တက်တဲ့အပေါ်မှာ လူတွေကအိမ်ခြံမြေဘက်ကိုအာရုံစိုက်လာတဲ့အခါမှာအိမ်ခြံမြေဈေးကလည်း နေရာတိုင်းမှာတော်တော်လေး တက်လာပါတယ်။ တက်လာတာကတော့ နေရာကောင်းရင် ကောင်းသလို ဈေးတက်တယ်။ နေရာမကောင်းရင် နည်းနည်းဈေးမတက်ဘူးပေါ့နော်။ ပထမနှစ်တွေထက်စာရင် လွန်ခဲ့တဲ့ သုံးလေးနှစ်ကထက်စာရင်တော့ တော်တော်ကိုတက်လာပါတယ်။”ဟု တောင်ဒဂုံမြို့နယ်အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥကဌ ဒေါ်ခင်ခင်ညိုမှ ပြောသည်။
 
နေပြည်တော်မှာ သုံးနှစ်တစ်ကြိမ်ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ ဗဟိုအလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲမှာ တိုင်းနှင့်ပြည်နယ်အလိုက် အိမ်ခြံမြေအကျိုးဆောင်တွေတွေ့ဆုံကြတာကြောင့် အိမ်ခြံမြေလုပ်ငန်းရှင်တွေအနေဖြင့်အိမ်ခြံမြေအရောင်းအဝယ်များကို မိမိမြို့နယ်အတွင်းမှာသာမကပြည်နယ်အလိုက်/ တိုင်းအလိုက် ချိတ်ဆက်ပြုလုပ်နိုင်ခဲ့ကြောင်းလည်းသိရသည်။