Home  / News  / News Details

新闻详情

ထိုင်းတွင် မြန်မာနိုင်ငံသားများ၏ကွန်ဒိုတိုက်ခန်းဝယ်ယူမှု လျင်မြန်စွာတိုးတက်နေ

Apr 9, 2025  /

ထိုင်းတွင် မြန်မာနိုင်ငံသားများ၏ကွန်ဒိုတိုက်ခန်းဝယ်ယူမှု လျင်မြန်စွာတိုးတက်နေ

ဧပြီလ ( ၁၀)ရက်။

Myanmar Property Dealer

 

ထိုင်းနိုင်ငံမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်သက်ရောက်မှုတွေကြောင့် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုတွေ ကျဆင်းလာပေမယ့် မြန်မာနိုင်ငံသားများရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုက တော့ လျင်မြန်စွာတိုးတက်နေတယ်လို့ Krungthai Compass သုတေသနစခန်းရဲ့ပြောကြားချက်အရ သိရပါတယ်။

မြန်မာ့ငလျင်ကြောင့် ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုအားကျဆင်းသွားနိုင်ပေမယ့် ဒါက ခေတ္တပဲဖြစ်မယ်လို့လည်း Krungthai Compass က ယူဆထားပါတယ်။

 ထိုင်းနိုင်ငံမှာ ပြည်ပနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေ ဝယ်ယူမှုက ကျဆင်းခဲ့တယ်ဆိုပေမယ့် အများဆုံးဝယ်ယူသူတွေအဖြစ် ထိပ်ဆုံးနေရာမှာတော့ ရှိနေဆဲဖြစ်ပြီး၊ကွန်ဒိုအများဆုံးဝယ်ယူသူနိုင်ငံသားတွေအဖြစ် မြန်မာ၊ ရုရှား၊ တရုတ်တိုင်ဝမ် နဲ့ အမေရိကန်နိုင်ငံသားတွေက အစဉ်အတိုင်းရှိကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုက ပြည်ပနိုင်ငံသားတွေရဲ့ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအထိရှိလာပါတယ်။

မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးထက်မြင့်နေတာလည်း တွေ့ရပါတယ်။

 ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုးက ဘတ်ငွေ ဒသမ သန်းရှိပြီး ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူသူတွေရဲ့ ကွန်ဒိုတစ်ခန်းအတွက် ပျမ်းမျှတန်ဖိုး ဘတ်ငွေ ဒသမ သန်းထက် မြင့်မားလျက်ရှိပါတယ်။