စစ်မှုထမ်းဟောင်းမြို့အဖြစ် တည်ဆောက်မည့်မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ
ဇန်နဝါရီ
(၂၈)ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်း၊
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ
(လေးထောင့်ကန်)ကို စစ်မှုထမ်းဟောင်းမြို့အဖြစ်
တည်ဆောက်သွားမှာဖြစ်တယ်လို့
နစကဥက္ကဌ က ပြောလိုက်တာပါ။
မြန်မာ့သားကောင်း
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ
(လေးထောင့်ကန်)အား စစ်မှုထမ်းဟောင်းမြို့အဖြစ်
တည်ဆောက်နေခြင်းဖြစ်ပြီး
ရန်ကုန်မြို့တော် ဖွံဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုတဲ့စံပြအိမ်ရာတစ်ခုအဖြစ်
ရည်မှန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင်
အိမ်ရာအတွင်း လိုအပ်တဲ့လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် စီမံကိန်းလိုအပ်ချက်နှင့် ကိုက်ညီတဲ့ ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းတစ်ခုကိုလည်း
စနစ်တကျတွက်ချက် ထည့်သွင်းဆောင်ရွက်သွား ကြရန်လည်း လည်းကောင်းကဆိုပါတယ်။
အဆိုပါ
မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ကို ၂ဝ၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တပ်မ တော်မှ အငြိမ်းစားယူပြီး ရန်ကုန်မြို့တွင် အခြေချနေထိုင်လိုသူများအတွက်
စစ်မှုထမ်းဟောင်းမြို့အဖြစ်
ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး
လက်ရှိတွင် အိမ်ရာဝန်းတစ်ခုအတွင်းပင်
အိမ်ခန်းပေါင်း ၄၀၀၀
ကျော်ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။