မြန်မာနိုင်ငံတွင်တည်ထောင်ပြီး
စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်(၅)ခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်း (၂)ခုရှိကြောင်းသိရ။
ဇွန်လ
(၉)ရက် ။
Myanmar
Property Dealer
မြန်မာနိုင်ငံတွင်တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊
စက်မှုရပ်ကွက်ငါးခု၊ ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်းနှစ်ခုရှိနေပြီး အဆိုပါစက်မှုဇုန်၊
စက်မှုရပ်ကွက်နှင့် စီမံကိန်းများအတွင်း အငယ်စား၊ အလတ်စားနှင့်အကြီးစားစက်မှု လုပ်ငန်းပေါင်း
၇၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင်
စက်မှုဇုန်ပြင်ပတွင်လည်ပတ်နေတဲ့ လုပ်ငန်းများလည်းရှိနေတာကြောင့် စက်မှုဇုန်အသစ်များ
ထပ်မံတည်ဆောက်ပေးသွားရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်များတည်ထောင်ရန်နှင့် တည်ထောင်ထားရှိတဲ့စက်မှုဇုန်များ
စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်ပြီး စက်မှုဇုန်နှင့် ပတ်သက်တဲ့ ဥပဒေကို ၂၀၂၀ ပြည့်နှစ်
မေလ(၂၆)ရက်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့်
၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။