Home  / News  / News Details

新闻详情

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် မေ့လျော့ခံလုပ်ငန်းတစ်ခုဖြစ်နေပြီဟု လုပ်ငန်းရှင်ကြီးများမှထောက်ပြ။

Aug 4, 2022  /

ဆောက်လုပ်ရေးလုပ်ငန်းစုကြီးသည် တစ်ခြားလုပ်ငန်းစုကြီးများနှင့်မတူဘဲ ဆက်စပ်လုပ်ငန်းအမြောက်အများရှိနေသည့် လုပ်ငန်းစုကြီးဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာရှာဖွေပေးနိုင်သည့်လုပ်ငန်းဖြစ်ပြီး၊ လက်ရှိတွင်မေ့လျော့ခံလုပ်ငန်းတစ်ခုဖြစ်နေပြီဟု ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းထံမှသိရသည်။

‘‘ကျွန်တော်တို့ဆောက်လုပ်ရေးလုပ်ငန်းစုတွေကအမေ့လျော့ခံတစ်ခုလိုဖြစ်နေတယ်။အရင်ကာလကရော၊အခုရော ကိုဗစ် ကြောင့်ဖြစ်တဲ့စီးပွားရေးကုစားတဲ့အစီအစဉ်တွေမှာလည်းမပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်း တွေအပေါ်မှာလူကြီးတွေ စဉ်းစားတဲ့အမြင်က စားဝတ်နေရေး၊ဆိုတဲ့နေရာမှာနေရေးကနောက်ဆုံးမှပါကွာလို့ တွက် ကောင်းတွက်လိုက်မယ်။ တကယ်တော့ ကျွန်တော်တို့ လုပ်ငန်းတွေကတစ်ခြား လုပ်ငန်းတွေနဲ့မတူတာက ဆက်စပ်နေတဲ့လုပ်ငန်း တွေအားလုံး ပြန်ပြီးတော့ဆွဲတင်နိုင်တဲ့လုပ်ငန်းဖြစ်တယ်’’ ဟု ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ 


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၂၀ခုနှစ်မတ်လအတွင်းထုတ်ပြန်သည့်စာရင်းများအရ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှုများ မှာ အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍတွင် ကျပ် ၄၆၇၃ ဒသမ ၁၆၉ ဘီလျံ (လုပ်ငန်း ၈၉ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၂၀ ဒသမ ၀၆၈ ဘီလျံ (လုပ်ငန်း ၆၈ ခု) တို့ ဖြစ် သည်ဟုလည်းပါရှိသည်။
‘‘နိုင်ငံတကာမှာဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းကျရှုံးရင်နိုင်ငံတော်အဆင့်ကနေကုစားကယ်တင်ပေးရတဲ့အရာဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ပြောနေရတာတယ်ဆိုတာက လည်း ဆောက်လုပ်ရေးလုပ်ငန်း တွေကိုကူပါ၊ ကယ်ပါဆိုပြီး နိုင်ငံတော်ကိုအကူညီတောင်းနေရတာဖြစ်တယ်။ ဘာလို့ဒီလိုအကူညီတွေတောင်းနေရတာ လည်းဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေသည်အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးဖန်တီးပေးနိုင် တာကြောင့်ဖြစ်တယ်လို့ ’’ လည်း အဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးကပြောသည်။
လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှလက်ကျန်   ၄၉၁ ဒသမ ၁၈ ဘီလီယံမှကျန်ဘီလီယံ ၄၀၀ ကိုသီးသန့်ရန်ပုံငွေထူထောင်ကာ စိုက်ပျိုး၊မွေးမြူရေးကိုအခြေခံသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ပေးသွားရန်စီစဉ်နေသည်ဟုလည်းသိရသည်။

#ဆောက်လုပ်ရေးလုပ်ငန်းစုတွေကအမေ့လျော့ခံဖြစ်နေ
#အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ
#အလုပ်အကိုင်အခွင့်အလမ်းများ
#အိမ်ခြံမြေဖွံ့ဖြိုရေး ကဏ္ဍ


App Link- https://apps.apple.com/mm/app/burma-broker/id1603403797 
Youtube Link- https://www.youtube.com/channel/UCsHbWEX-0Xs3Dxx8yZXBc0Q 
Web Link- Myanmar Property Dealer