Home  / News  / News Details

新闻详情

သုခဒဂုံပြည်သူ့အငှားအိမ်ရာ မှတတိယအဆင့်အိမ်ခန်းများငှားရမ်းနေထိုင်ခွင့်စတင်လျှောက်ထားနိုင်ကြောင်းသိရ

Mar 23, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာ မှတတိယအဆင့်အိမ်ခန်းများငှားရမ်းနေထိုင်ခွင့်စတင်လျှောက်ထားနိုင်ကြောင်းသိရ

မတ်လ(၂၃)ရက်။

Myanmar Property Dealer

 

မကြာမီထပ်မံ ပြီးစီးတော့မယ့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ မှတိုက်ခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ် မေလ တွင် ငှါးရမ်းနေထိုင်ခွင့် ရရှိနိုင်ရေး အတွက်တတိယအဆင့်အိမ်ခန်းများငှားရမ်း နေထိုင်ခွင့်စတင်လျှောက်ထားနိုင် ကြောင်းသိရပါတယ်။

အိပ်ခန်းငှားရမ်းခွင့်လျှောက်ထားလိုသူများအနေဖြင့်‌ လျှောက်လွှာများကို ၂၀၂၄ခုနှစ် မတ်လ ၂၅ ရက်နေ့မှစတင်ပြီးလျှောက်လွှာများဝယ်ယူနိုင်ပြီး၂၀၂၄ခုနှစ်ဧပြီလ၃၀ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးဖြစ်ပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့်ရရှိသူများအတွက် အိမ်လခစပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ လက်ခံဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အိမ်ခန်းပေါင်း ၄၅၀ ကိုသော့ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။