Home  / News  / News Details

新闻详情

ဝါကျွတ်ကာလ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကောင်းလာနိုင်ဟု အကျိုးတော်ဆောင်များပြော

Sep 3, 2024  /

ဝါကျွတ်ကာလ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကောင်းလာနိုင်ဟု အကျိုးတော်ဆောင်များပြော


စက်တင်ဘာလ(၃)ရက် ။

Myanmar Property Dealer


ဝါကျွတ်ကာလရောက်ရှိတော့မှာဖြစ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကလည်း အရောင်းအဝယ်ကောင်းလာနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။

ရန်ကုန်မြို့အိမ်ခြံမြေလုပ်ငန်းများအနေနှင့် အရောင်းဈေးကွက်ထက် အငှားဈေးကွက်ကိုသာ အားထားလှုပ်ရှားနေခဲ့ကြရပြီး အိမ်ခြံမြေအငှားဈေးကွက်အနေနှင့် ပုံမှန်အချိန်အခါများတွင်  အိမ်ပြောင်း အိမ်ရွှေ့များပြားလေ့ရှိတဲ့ ဝါဝင်ချိန်နှင့် ဝါထွက်ကာလများကို သာအားထားနေရတယ်လို့လည်းသိရပါတယ်။

အထူးသဖြင့် ဝါဝင်၊ ဝါထွက်အချိန်ကာလများတွင် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်တဲ့ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာ အစရှိတဲ့မြို့နယ်များတွင် အိမ်ခြံမြေအငှားဈေးကွက် သွက်လက်လှုပ်ရှားနေလေ့ရှိတယ်လို့လည်းသိရပါတယ်။


အဆိုပါမြို့နယ်အိမ်ခြံမြေဈေးကွက်များတွင် အိမ်ရာစီမံကိန်းတိုက်ခန်းများတွင် အထပ်မြင့်အနေအထားအရ တစ်လ လျှင် အခန်းငှားခငွေကျပ် ၇၀ဝဝဝ ကျပ်မှ ၁၂၀ဝဝဝ ကျပ်အထိသာရှိနေပြီး ရပ်ကွက်နေအိမ်အခန်းငှားရမ်းခ များမှာ တစ်လလျှင် ငွေကျပ်ခုနစ်သောင်း၊ ရှစ်သောင်းခန့်သာရှိနေသဖြင့် ငှားရမ်းနေထိုင်သူများပြားကာ  အိမ်ခြံမြေအငှားဈေးကွက်  သွက်လက်လှုပ်ရှားနေခြင်းလည်းဖြစ်တယ်လို့သိရပါတယ်။