Home  / News  / News Details

新闻详情

ဒေသတွင်းဖွံဖြိုးမှုအရှိန်အဟုန်မြှင့်တင်ရန် ထားဝယ်လေဆိပ်ကိုအဆင့်မြှင့်တင်မည်

Dec 22, 2025  /

ဒေသတွင်းဖွံဖြိုးမှုအရှိန်အဟုန်မြှင့်တင်ရန် ထားဝယ်လေဆိပ်ကိုအဆင့်မြှင့်တင်မည်

 

ဒီဇင်ဘာ လ(၂၂)ရက်။

Myanmar Property Dealer

ကုန်တင်လေယာဉ်ကြီးများဆင်းသက်နိုင်ရန်၊ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေရန် နှင့် ဒေသတွင်းဖွံဖြိုးမှုအရှိန်အဟုန်မြှင့်တင်ရန်အတွက် ထားဝယ်လေဆိပ်ကို အဆင်မြှင့်တင်ခြင်းများဆောင်ရွက်နေပြီဖြစ်တယ်လို့ NP News ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

 

လက်ရှိအသုံးပြုနေတဲ့ ထားဝယ်လေယာဉ်ကွင်းမှာ ပြေးလမ်းအရှည် ပေ (၁၂၀ဝဝ) နှင့် အကျယ်ပေ (၁၀ဝ) ရှိပြီး လေယာဉ်ကွင်း ဧရိယာ စုစုပေါင်း (၃၆၄ ဒသမ ၆၇၇) ဧကခန့်ရှိကာ လေယာဉ်ရပ်နားရန် ပေ (၂၀ဝ) ကျော်အကျယ်ရှိ ကွင်း ()ခု နှင့် ပေ (၆၀ဝ x ၃၀ဝ) အကျယ်ရှိ ကွင်း()ခု ရှိတာပဲဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်း၏ ခံနိုင်ဝန်မှာ ပေါင် (၈၇၃၀ဝဝ) ရှိတဲ့အတွက် ပြည်တွင်းလေကြောင်း လိုင်းများတွင် အသုံးပြုနေတဲ့ လေယာဉ်အမျိုး အစားအားလုံးနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ တွင် အသုံးပြုနေတဲ့ Airbus 320 ကဲ့သို့သော လေယာဉ်များပါ ဆင်းသက်နိုင်ပြီး လက်ရှိတွင် Cargo လေယာဉ်ကြီးများဆင်းသက်နိုင်ရန်အတွက်ပါ အဆင်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ် တယ်လို့သိရပါတယ်။

ယခုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဥ်တွင် ပြေးလမ်းကိုတဖက်စီ ၂၅ ပေခန့်ချဲ့ထွင်မှာဖြစ်ပြီး စုစုပေါင်း ပေ (၁၅၀)အကျယ်ခန့်နှင့်အထူ ၃ပေခန့်အထိ ACအမျိုးအစားကွန်ကရစ်ကိုပေါင်းစပ်အသုံးပြုပြီး အဆင့်မြှင့်တင်သွားမယ်လို့လည်းသိရပါတယ်။ ယခုအဆင့်မြှင့်တင်မှုဟာ လေဆိပ်ပြေးလမ်းတင်မကပဲ အဆောက်အအုံများပါ ပါဝင်မှာဖြစ်ပြီး အဆောက်အအုံ Design ကိုတော့အတိအကျမထုတ်ပြန်သေးဖူးလို့သိရပါတယ်။

လက်ရှိတွင်လေဆိပ်အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အဓိကအပ်ချက်မှာကျောက်ခဲဖြစ်နေပြီး ကွန်ကရစ်ဖျော်ရန်အတွက်အဓိကကုန်ကြမ်းအခက်အခဲဖြစ်နေတယ်လို့လဲသိရပါတယ်။

ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့်တင် ပြီးပါက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုအဆင်ပြေ လာနိုင်မည်ဖြစ်ပြီး ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားလာနိုင်သည့်အပြင် ထားဝယ်ဒေသတွင် ကောင်အထည်ဖော်မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍လည်း များစွာအကျိုးရှိလာနိုင်တာပဲဖြစ်ပါတယ်။