Home  / News  / News Details

新闻详情

ဒလတံတားပြီးစီးမှုပေါ်မူတည်၍ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲရှိနေဟုဆို

Jun 29, 2024  /

ဒလတံတားပြီးစီးမှုပေါ်မူတည်၍ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲရှိနေဟုဆို

ဇွန်လ (၃၀)

Myanmar Property Dealer

သတ်မှတ်ကာလထက် ပြီးစီးရန်ကြန့်ကြာနေတဲ့ ဒလတံတားစီမံကိန်းပေါ်မူတည်ပြီး အိမ်ခြံမြေဈေးကွက် အပြောင်းအလဲရှိနိုင်တယ်လို့ ဒလမြို့နယ် ဒေသခံများနှင့် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ဒလတံတားတည်ဆောက်နေမှုကလက်ရှိတွင် ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာမယ့်နှစ်မှသာ ပြီးစီးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

" တံတားရဲ့ပြီးစီးမှုအခြေနေပေါ်မူတည်ပြီး အိမ်ခြံမြေဈေးကွက်ကပြောင်းနေ တာ။ အခုဆိုပိုဆိုးပေါ့။ လာမယ့်နှစ်မှ ပြီးမယ်ဆိုတော့ ဈေးကွက်ကို ထိခိုက်နိုင်တာပေါ့"ဟုဒလမြို့နယ်ရှိ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် ဒလတံတားစီမံကိန်း အခြေအနေကြောင့် မြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေကာ ယခင်က သိန်း ၈၀၀ ရှိနေတဲ့ မြေကွက်က လက်ရှိမှာသိန်း ၁၅၀၀ အထိ ဈေးပေါက်နေပြီးအများအားဖြင့်တံတားအဆင်း တပင်ရွှေထီး ရပ်ကွက်နှင့် ကျန်စစ်သား ရပ်ကွက်များတွင် အရောင်းအဝယ် ပိုမို ဖြစ်နေတယ်လို့လည်းသိရပါတယ်။

ဒလတံတား ပြီးစီးမှုနှင့်အတူ ဒလမြို့နယ်တွင် ကြုံတွေ့နေရတဲ့ သောက်သုံးရေ ရှားပါးမှု ပြဿနာကို ဖြေရှင်းတဲ့အနေဖြင့် ရန်ကုန်မြို့မှ ဂျိုးဖြူရေသွယ်တန်းမှုများ ပါလာမှာဖြစ်တာကြောင့် သောက်သုံးရေ ရှားပါးမှု ပြဿနာ ပြေလည်သွားမှာ ဖြစ်တဲ့အတွက်  ဒလမြို့နယ်အိမ်ခြံမြေဈေးကွက်ကလည်း အရောင်းအဝယ် ပိုမို ဖြစ်လာမှာဖြစ်တယ်လို့ ဒေသခံများနှင့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်သူများက မျှော်မှန်းထားကြတာပဲဖြစ်ပါတယ်။         (သဲဖြူ)