Home  / News  / News Details

新闻详情

မိုင်းထောင်ဖျက်စီးခံရတဲ့ဧရာဝတီတံတား(ရတနာသိင်္ခ)ကိုအမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်

Nov 1, 2025  /

မိုင်းထောင်ဖျက်စီးခံရတဲ့ဧရာဝတီတံတား(ရတနာသိင်္ခ)ကိုအမြန်ဆုံးပြန်လည်ပြင်ဆင်သွားမည်

နိဝင်ဘာလ ( ၁)ရက်။

Myanmar Property Dealer

ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့ကဖျက်စီးခံခဲ့ရတဲ့ ဧရာဝတီတံတား(ရတနာသိင်္ခ) ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးသွားကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား (ရတနာသိင်္ခ)ကို အောက်တိုဘာလ (၂၉) ရက်၊နံနက်(၆)နာရီ ၊(၁၀)မိနစ်အချိန်ခန့်က အကြမ်းဖက်အဖွဲ့အစည်းတချို့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့တာဘဲဖြစ်ပါတယ်။

 

အဆိုပါ မိုင်းထောင်ဖျက်စီးခံခဲ့ရတဲ့ တံတားကြီးက မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ကိုဆက်သွယ်ထားတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့်တံတားတစ်စင်းဘဲဖြစ်ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် တံတားရဲ့ ရေလယ်တိုင်များဖြစ်တဲ့ တိုင်အမှတ် RP4 နှင့် RP5 တို့ အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့တယ်လို့သိရပါတယ်။

 

ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ပေ (၂၄၈၀) (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် (၂၅) ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေရှိပြီး တံတားဆောက်လုပ်ရေး(အထူးအဖွဲ့-၁၄) က (၂၀၁၀) ပြည့်နှစ် ဧပြီလ (၁၆) ရက်တွင် စီမံကိန်းစတင်ကာ (၂၀၁၃) ခုနှစ် ဇူလိုင်လ (၂၄) ရက်တွင် ဆောက်လုပ်ပြီးစီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။