မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့ ၅၆ ရာခိုင်နှုန်းပြီးစီးနေပြီဟုသိရ။
Myanmar Property Dealer
မေလ (၁)ရက် ။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့ လုပ်ငန်းပြီးစီးမှု ၅၆ ရာခိုင်နှုန်း ပြီးစီးနေသည့် မြင်ကွင်းများကို ရန်ကုန်ဘက်ခြမ်းနှင့် ဒလဘက်ခြမ်းနှစ်နေရာမှမြင်တွေ့ရတာဖြစ်ပါတယ်။
တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တံတားတစ်စင်းလုံး လုပ်ငန်းပြီးစီးမှု ၅၆ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေး လျာထား ဆောင်ရွက်လျက် ရှိတယ်လို့လည်းသိရပါတယ်။
အဆိုပါတံတားပြီးစီးသွားပါက ရန်ကုန်မြစ်တစ်ဘက်ခြမ်းရှိလူနေမှုဘဝနှင့်အတူအိမ်ခြံမြေဈေးကွက်များမြင့်တက်လာမှာဖြစ်ပြီး၊ဧရာဝတီတိုင်းဒေသကြီးဘက်ကပြည်သူများနှင့်တွံ့တေး၊ ဆိပ်ကြီးခနောင်တိုဘက်ခြမ်းမှပြည်သူများအနေဖြင့် ရန်ကုန်မြို့ထဲကိုအချိန်တိုခဏတွင်းသွားရောက်နိုင်မှာဖြစ်ပါတယ်။
ဓါတ်ပုံ - MPD
#မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား
#Myanmar Property Dealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်mpd
#ရန်ကုန်-ဒလတံတား