KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၉၆ လုံး ဖြိုချဖျက်ဆီး
နိုဝင်ဘာလ (၂၁)ရက်။
Myanmar Property Dealer
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေတဲ့
Online လိမ်လည် လောင်းကစားမှုများကို အများဆုံးအခြေချလုပ်ကိုင်လျက်ရှိတဲ့
မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိတရားမဝင်အဆောက်အအုံ
၁၉၆ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၊
အုပ်ချုပ်ရေးအဖွဲ့အစည်းများအပါအဝင်
အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့်
ဝင်ရောက်ရှင်းလင်းခြင်း၊
တရားမဝင်အဆောက်အအုံများအား
ဖြိုချဖျက်ဆီးခြင်းများ
ဆက်လက်ဆောင်ရွက်လျက်ရှိရာ
ယနေ့အထိ ရွှေကုက္ကိုလ် နယ်မြေအတွင်း၌ Online လောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား ၃၅၁ ဦးကိုထပ်မံ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း
သိရှိရပါတယ်။
မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်း Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုလျက်ရှိတဲ့ အဆောက်အအုံ
၆၃၅ လုံး ရှိတဲ့ထဲမှ ၁၄ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၉၆ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး
ကျန်ရှိနေသေးတဲ့ တရားမဝင်အဆောက်အအုံများကို ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိနေတယ်လို့လည်းသိရပါတယ်။