Home  / News  / News Details

新闻详情

နေပြည်တော် ၊သုခတော်၀င်အိမ်ရာအပိုင်း (၂) ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် စိတ်၀င်စားတဲ့ လုပ်ငန်းရှင် / ကုမ္ပဏီများအား (EOI) ခေါ်ယူ

Jan 25, 2024  /

နေပြည်တော် ၊သုခတော်၀င်အိမ်ရာအပိုင်း (၂) ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် စိတ်၀င်စားတဲ့ လုပ်ငန်းရှင် / ကုမ္ပဏီများအား (EOI)    ခေါ်ယူ

ဇန်နဝါရီ (၂၅)

Myanmar Property Dealer

             နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ ပျဉ်းမနားတောင်ညိုလမ်း၊ဆွာလမ်းဆုံနှင့်    မြို့မစျေးကြား၊ ယခင်ဘူးကွဲရွာဟောင်း၊ (၃၁)ဧက အကျယ်မြေနေရာမှာ သုခတော်၀င်အပိုင်း (၂) အားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်တဲ့အတွက် လုပ်ငန်းရှင် / ကုမ္ပဏီများအား စိတ်၀င်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest)(EOI) ခေါ်ယူထားတယ်လို့သိရပါတယ် ။

သုခတော်၀င်အိမ်ရာအပိုင်း (၂)မှာ  4U5S (2Bed) သံကူကွန်ကရစ် အဆောက်အအုံ(၂၁)လုံး၊ (732 Sqft)အကျယ် အိမ်ခန်း (၄၂၀)ခန်းနှင့်  4U5S (3Bed) သံကူကွန်ကရစ် အဆောက်အအုံ(၃၂)လုံး၊ (1008 sqft) အကျယ် အိမ်ခန်းပေါင်း (၆၄၀)ကို ဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သုခတော်၀င်အိမ်ရာအပိုင်း (၂) ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် Expression of Interest (EOI) Form အဆိုပြုလွှာ ပုံစံနှင့် စည်းကမ်းချက်တွေကို နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ (၇-၂-၂၀၂၄) နံနက် ၁၀နာရီမှ စတင်၀ယ်ယူနိုင်ပြီး (၂၂-၂-၂၀၂၄) ညနေ ၄ နာရီနောက်ဆုံးထား တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ် ။

အဆိုပါနေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ဆောက်နေတဲ့ သုခတော်ဝင်အိမ်ရာ တိုက်ခန်းများကို အငြိမ်းစားဝန်ထမ်းများ၊ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းများနှင့် အများပြည်သူများကို ရောင်းချပေး သွားမှာဖြစ်တယ်လို့လည်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ် ။