မေလ ၇ ရက်တွင်အောင်မြင့်မိုရ်အိမ်ရာရှိ တိုက်ခန်းများအခန်းမဲနှိုက်မည်
မေလ (၅)ရက်။
Myanmar Property Dealer
တောင်ဒဂုံမြို့နယ်တွင် တည်ဆောက်ထားတဲ့အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် ၄ လုံး၊ အခန်း ၁၀၄ ခန်းအား အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ဝယ်ယူရန်အတွက် အခန်းမဲနှိုက်ခွင့်ရရှိသူများ မေလ ၇ ရက်နေ့တွင် အခန်းမဲနှိုက်ရမှဦဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးကြေညာထားရှိပါတယ်။
CHID Bank တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူ ၂၂၉၃ ဦးအနက် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ မေလ ၃ ရက်အထိ စာရင်းပေးသွင်းသူ ၉၃၆ ဦးရှိပြီး ရောင်းချပေးနိုင်တဲ့အခန်းအရေအတွက်အရ စာရင်းပေးသွင်း လျှောက်ထားသူများအနက် CHID Bank ၏ တန်းစီဇယားအမှတ်စဉ် အစောဆုံး ၁၀၄ ဦးအား အခန်းမဲနှိုက်ခွင့် ပြုမှာဖြစ်တယ်လို့သိရပါတယ်။
အခန်းမဲနှိုက်ခွင့်ရရှိသူ ၁၀၄ ဦး၏ အမည်စာရင်းနှင့် အချက်အလက်များအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ DUHD Sale Housing Facebook Page နှင့် Website တို့တွင်လည်း ထုတ်ပြန် ကြေညာပေးထားပြီးဖြစ်ပါတယ်။
အခန်းမဲနှိုက်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်တွင် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယအထပ် အစည်းအဝေးခန်းမ (အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်လို့လည်းသိရပါတယ်။
ဒါ့ပြင် အခန်းမဲနှိုက်ခွင့်ရရှိသူများအနေဖြင့် အခမ်းအနားသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားတက်ရောက်နိုင်ပြီး ကိုယ်စားတက်ရောက်ပါက ကိုယ်စားလှယ်လွှဲစာ၊ အခန်းမဲနှိုက်ခွင့်ရရှိသူ၏ မှတ်ပုံတင်မိတ္တူပါရှိရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ (သဲသဲ)