ပူတာအိုတွင် CB ဘဏ်အုပ်စုကအဆင့်မြင့် အပန်း ဖြေစခန်းပါဝင်မည့် ဟိုတယ်စီမံကိန်း တည်ဆောက်မည်။
မေလ ( ၁၈ ) ရက်။
Myanmar Property Dealer
မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ရေခဲတောင်ဒေသတည်ရှိရာ ပူတာအို မြို့မှာ CB ဘဏ်အုပ်စုမှ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြင့် အပန်းဖြေစခန်းများ ပါဝင်တဲ့ ဟိုတယ်စီမံကိန်းကို ဆောင်ရွက် နေတယ်လို့ Travelling Journal ဖော်ပြချက်တွေ အရသိရပါတယ်။
အဆိုပါစီမံကိန်းကို ပူတာအိုမြို့ရဲ့ အထင်ကရ ကောင်းမှုလုံစေတီ နဲ့ ၁၄ ကီလိုမီတာ ကွာဝေးတဲ့မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းမှာဆောင် ရွက်နေတာလည်းဖြစ်ပါတယ်။
မြေလွတ်မြေရိုင်းဧက (၁၇) ဧကကျော်ကို အခြားနည်းသုံးစွဲခွင့် ရရှိထားပြီး အဆိုပါမြေပေါ်တွင် နှစ်ယောက်အိပ်ခန်း များပါဝင်တဲ့ ဘန်ဂလို (၁၁ ) လုံးလောက်ကို ဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပူတာအို) သို့ အစောပိုင်းကာလက တင်ပြထားတဲ့စာရင်းများတွင်ဖော်ပြထားရှိပါတယ်။
အဆိုပါစီမံကိန်းထဲတွင် စားသောက်ဆိုင်များ၊ စက်လှေဂိတ်များ အပါအဝင် မြေယာရှုခင်းအလှဆင်လုပ်ငန်းများကို အဓိကလုပ် ကိုင်သွားမှာဖြစ်ပြီး၊လျှောက်လမ်းများတွင် ဒေသထွက်အသီးများ ဂရိတ်ဖုသီးအပင်များကို ထည့်သွင်းစိုက်ပျိုးသွား မှာဖြစ်ပြီး လာရောက်တည်းခိုကြမယ့်ခရီးသွားဧည့်သည်များ အသင့်ခူးစားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ထို့ပြင် ဘန်ဂလိုများကို ဒေသတွင်းထွက်ရှိတဲ့ သစ်တောထွက်ပစ္စည်းများဖြင့် ဆောက်လုပ်သွားမှာဖြစ်ပြီး ရိုးရာဓလေ့များ မပျောက်စေရန် တည်ဆောက်သွားမှာဖြစ်ပြီးလက်ရှိ ပူတာအိုမြို့ပေါ်တွင် ဟိုတယ်/ခရီးလိုင်စင် ရယူထားတဲ့ ဟိုတယ် ငါး လုံးနှင့် တည်းခိုရိပ်သာ သုံးလုံးရှိကြောင်းသိရပါတယ်။