Home  / News  / News Details

新闻详情

အမေရိကန်‌ဒေါ်လာ ၅.၁၉၆ သန်း ၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃,၆၉၅ ဦးအတွက် ဖန်တီးပေးနိုင်မဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခု အတည်ပြုပေး

Oct 31, 2025  /

အမေရိကန်‌ဒေါ်လာ ၅.၁၉၆ သန်း ၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃,၆၉၅ ဦးအတွက် ဖန်တီးပေးနိုင်မဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခု အတည်ပြုပေး

အောက်တိုဘာ ( ၃၁ )

Myanmar Property Dealer

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၄)ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့တယ်လို့  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၅ ဒသမ ၁၉၆) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၃,၆၉၅) ဦးအတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။