Home  / News  / News Details

သတင်း အသေးစိတ်

အလုပ်အကိုင်ရှားပါးမှုပြဿနာများဖြေရှင်းနိုင်ရန် အိမ်၊ခြံ၊မြေဆောက်လုပ်ရေးကဏ္ဌပြန်ပြီး မြင့်တင်ဖို့လို

Aug 3, 2022  /

ရန်ကုန်မြို့အတွင်း အလုပ်အကိုင်ရှားပါးမှုပြဿနာဖြေရှင်းနိုင်ရန်အတွက် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်သည့်အိမ်၊ခြံ၊မြေဆောက်လုပ်ရေးကဏ္ဌကြီးတစ်ခုလုံးကို ပြန်ပြီးမြင့်တင့်ဖိုလိုအပ်နေတယ်လို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းထံမှသိရသည်။
သို့သော်လည်း ဈေးကွက်ထဲရှိဆောက်လုပ်ရေးသုံးပစ္စည်းများဈေးတက်ခြင်းနှင့်အတူ နိုင်ငံတော်၏မူဝါဒအပြောင်းအလဲများ၊အခွန်အခများ တိုးမြင့်ခြင်း၊ဆောက်လုပ်ရေးလုပ်ငန်းများရပ်ဆိုင်းခြင်းနှင့်အတူ အလုပ်လက်မဲ့ဦးရေများပြားလာကြောင်းလည်း သိရသည်။
''အခုချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်လုပ်ကိုင်နေတဲ့သူတွေအများစုကထိခိုက်နေတယ်။လုပ်ငန်းတွေတစ်ချို့ရပ်နားထားရတာတွေရှိတယ်။ အဲဒါတွေကိုထွက်ပေါက်အနေနဲ့နိုင်ငံတော်ကနေစီးပွားရေးလုပ်ငန်းရှင်တွေတင်သွင်းလာတဲ့ သံချောင်း၊ဘိလပ်မြေတွေကိုအခွန်လျော့ကောက်တာတွေ၊ အိမ်ခြံမြေတွေကို အခွန်နှုန်းထား လျော့ချပေးမယ်၊  ပြီးတော့ Developer လုပ်မဲ့သူတွေကိုလည်းနိုင်ငံတော်ကလုပ်ငန်းတွေချပေး တာတွေပေါ့။ဒါမျိုးတွေကိုလုပ်ပေးနိုင်မယ်ဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းနှင့်အိမ်ခြံမြေဈေးကွက်လုပ်ငန်းကပြန်ပြီးတော့အလုပ်ဖြစ်လာနိုင်တယ် ’’ဟုလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးကပြောသည်။
ယင်းအပြင်ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ပတ်နိုင်မည်ဆိုပါကငွေကြေးစီးဆင်းမှု၊လုပ်ငန်းလည်ပတ်မှုနှင့်အတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
 
 
‘တကယ်တော့ ဆောက်လုပ်ရေးလုပ်သားတွေဆိုတာက ဘာပညာမှသင်စရာမလိုဘူး။ ဘယ်သူဖြစ်ဖြစ် အုတ်ထမ်း၊သဲထမ်းလုပ်တက်ကြတာ။ဒီတော့အလုပ်အကိုင်ချက်ခြင်းဖန်တီးပေးလို့ရတယ်။အလုပ်သမားအနေနဲ့ဒီနေ့မြေတူးရင်ညနေပိုက်ဆံရမှာပဲ၊နောက်နေ့မကူးဘူး။သူချက်ခြင်းပိုက်ဆံရမှာလေ။လခစားဝန်ထမ်းဆိုရင်တောင်လကုန်မှပိုက်ဆံရတာ။ဒီတော့ အလုပ်အကိုင်တွေများလာမယ်။အဲဒီအတွက်နောက်ဆက်တွဲအနေနဲ့ ခိုးမှု၊ လုယက်မှုတွေနည်းပါးလာမယ်’’ဟုလည်းအဆိုပါဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးမှရှင်းပြသည်။
၂၀၁၈ခုနှစ်အတွင်း တရားဝင်ကောက်ယူထားသည့်စစ်တမ်းများအရ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း ကဏ္ဌတစ်ခုလုံး၏ လုပ်သားအင်အားဦးရေမှာ ၁.၂သန်းရှိပြီး ကဏ္ဌတစ်ရပ်လုံး၏ ငွေကြေးစီးဆင်းမှုမှာ ဘီလီယံ ၅၀၀၀ ခန့်ဖြင့် လည်ပတ်လျက်ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှသိရသည်။
လက်ရှိအိမ်၊ခြံ၊မြေဈေးကွက်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ၏အဓိကမှာရန်ကုန်အိမ်ခြံမြေဈေးကွက်ဖြစ်ပြီး၊ဈေးကွက်တစ်ခုလုံး၏ (၈၀)ရာခိုင်နှုန်းနီးပါးသည် ရန်ကုန်ဈေးကွက်ဖြစ်နေကြောင်းလည်းသိရသည်။