Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်နှင့်မန္တလေးမြို့ ၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေးသင်တန်း အခမဲ့ဖွင့်လှစ်မည်ဟုတိုင်းဥက္ကဌပြော။

Nov 29, 2022  /


Myanmar Property Dealer
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုး တိုးတက်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်မည့်ရန်ကုန်နှင့် မန္တလေးမြို့ ၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု ဆိုင်ရာတိုက်ဖျက်ရေးသင်တန်း ကိုအခမဲ့ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ သင်တန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၊ Sky Star ဟိုတယ်နှင့်ဒီဇင်ဘာ၃ ရက်နေ့တွင် မန္တလေးမြို့ရှိ Great Wall ဟိုတယ်တို့၌ဖွင့်လှစ်သွားမှာြဖစ်ပါတယ်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီးလည်း “ကျွန်တော်တို့အခုဖွင့်လှစ်သွားမဲ့သင်တန်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ နှင့် အကြမ်းဖက်မှု ကိုငွေကြေးထောက်ပံ့မှုဆိုင်ရာတိုက်ဖျက် ရေးသင်တန်း တစ်ခုတည်းကိုပဲရန်ကုန်မှာရှိတဲ့ သင်တန်းမတက်ရောက်သေးတဲ့သင်တန်းသား၊သင်တန်းသူ ၇၀၀ ကျော်အတွက်ဖွင့်လှစ်သွားမှာဖြစ်တယ်။ နောက်ပိုင်းဆိုရင် အိမ်ခြံမြေနှင့်ပတ်သက်ပြီး အကျိုးဆောင်များအတွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင် များကိုထုတ်ပေးတော့မှာဖြစ်တဲ့အတွက်သင်တန်းတွေတက်ထားဖို့လိုပါတယ်လို့လည်း’’ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးသိန်းလွင်ကပြောပါတယ်။