သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီးလည်း “ကျွန်တော်တို့အခုဖွင့်လှစ်သွားမဲ့သင်တန်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ နှင့် အကြမ်းဖက်မှု ကိုငွေကြေးထောက်ပံ့မှုဆိုင်ရာတိုက်ဖျက် ရေးသင်တန်း တစ်ခုတည်းကိုပဲရန်ကုန်မှာရှိတဲ့ သင်တန်းမတက်ရောက်သေးတဲ့သင်တန်းသား၊သင်တန်းသူ ၇၀၀ ကျော်အတွက်ဖွင့်လှစ်သွားမှာဖြစ်တယ်။ နောက်ပိုင်းဆိုရင် အိမ်ခြံမြေနှင့်ပတ်သက်ပြီး အကျိုးဆောင်များအတွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အိမ်ခြံမြေအကျိုးဆောင် မှတ်ပုံတင် များကိုထုတ်ပေးတော့မှာဖြစ်တဲ့အတွက်သင်တန်းတွေတက်ထားဖို့လိုပါတယ်လို့လည်း’’ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးသိန်းလွင်ကပြောပါတယ်။