Home  / News  / News Details

သတင်း အသေးစိတ်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရုရှားနိုင်ငံမှလည်းစိတ်ဝင်စားမှုရှိနေ

Mar 28, 2024  /

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရုရှားနိုင်ငံမှလည်းစိတ်ဝင်စားမှုရှိနေ

မတ်လ(၂၈)ရက်။

Myanmar Property Dealer

 ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အတွင်းမှာပါဝင်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံမှလည်း စိတ်ဝင်စားမှုရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။

လက်ရှိတွင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီနှင့်လုပ်ငန်းဆောင်ရွက်မှု အဆုံးသတ်ပြီးနောက် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်ရန် မြေယာကိစ္စများကို စတင်ဆောင်ရွက်နေ တယ်လို့လည်းသိရပါတယ်။

အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပြန်လည်စတင်ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ၊ ထိုင်းအစိုးရမှလည်း ယင်းစီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ပြောကြားထားသလို ဂျပန်နှင့် တရုတ်နိုင်ငံတို့မှလည်း စိတ်ဝင်စားမှုများရှိနေတာဖြစ်ပါတယ်။

ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းကို ၂ဝဝ၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက အကောင်အထည်ဖော်ရန် လေ့လာမှုများပြုလုပ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်၊ ဇွန်လအတွင်း ထိုင်းနိုင်ငံ အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့အကြား နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစီမံကိန်းကို ၂ဝဝ၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော် လည်း သိသာထင်းရှာတဲ့ တိုးတက်မှုများ မရရှိခဲ့ဘဲ အကြောင်းအမျိုးမျိုးကြောင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှုများကို အဆုံးသတ်ရပ်ဆိုင်းခဲ့ ကြောင်းလည်းသိရပါတယ်။

 လက်ရှိ နစကအစိုးရအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိနေတဲ့အပြင် မွန်ပြည်နယ်ရှိ မုဒုံမြို့၌ နိုင်ငံတကာအဆင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအသစ်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။

 အထူးစီးပွားရေးဇုန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁ဝ၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်/ထွက်ဇုန်တို့ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရပါတယ်။