ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း
ရုရှားနိုင်ငံမှလည်းစိတ်ဝင်စားမှုရှိနေ
မတ်လ(၂၈)ရက်။
Myanmar
Property Dealer
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အတွင်းမှာပါဝင်တဲ့
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံမှလည်း စိတ်ဝင်စားမှုရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်။
လက်ရှိတွင်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီနှင့်လုပ်ငန်းဆောင်ရွက်မှု အဆုံးသတ်ပြီးနောက်
ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်ရန် မြေယာကိစ္စများကို စတင်ဆောင်ရွက်နေ တယ်လို့လည်းသိရပါတယ်။
အဆိုပါ
ထားဝယ်ရေနက်ဆိပ်ကမ်းကို ပြန်လည်စတင်ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ဆောင်ရွက်နေခြင်း
မဟုတ်ဘဲ ၊ ထိုင်းအစိုးရမှလည်း ယင်းစီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ပြောကြားထားသလို
ဂျပန်နှင့် တရုတ်နိုင်ငံတို့မှလည်း စိတ်ဝင်စားမှုများရှိနေတာဖြစ်ပါတယ်။
ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းကို
၂ဝဝ၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက အကောင်အထည်ဖော်ရန် လေ့လာမှုများပြုလုပ်ခဲ့ပြီး
၂ဝဝ၈ ခုနှစ်၊ ဇွန်လအတွင်း ထိုင်းနိုင်ငံ အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့အကြား
နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစီမံကိန်းကို ၂ဝဝ၈ ခုနှစ်တွင်
စတင်အကောင်အထည်ဖော်ခဲ့သော် လည်း သိသာထင်းရှာတဲ့ တိုးတက်မှုများ မရရှိခဲ့ဘဲ အကြောင်းအမျိုးမျိုးကြောင့်
အီတာလျံ-ထိုင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှုများကို အဆုံးသတ်ရပ်ဆိုင်းခဲ့ ကြောင်းလည်းသိရပါတယ်။
လက်ရှိ နစကအစိုးရအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို
ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းလျက်ရှိနေတဲ့အပြင် မွန်ပြည်နယ်ရှိ မုဒုံမြို့၌ နိုင်ငံတကာအဆင့်
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းအသစ်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိနေပါတယ်။
အထူးစီးပွားရေးဇုန်တွင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့်
ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁ဝ၅ မိုင်အရှည်ရှိ ၈ လမ်းသွား
စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး
နယ်ခြားဝင်/ထွက်ဇုန်တို့ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရပါတယ်။