Home  / News  / News Details

သတင်း အသေးစိတ်

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းအရောင်းဈေးနှုန်းများပြင်ဆင်တိုးမြှင့်သတ်မှတ်

Apr 27, 2023  /

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းအရောင်းဈေးနှုန်းများပြင်ဆင်တိုးမြှင့်သတ်မှတ်

 

 

Top of Form

Bottom of Form

ဧပြီလ(၂၇)ရက်။yanmar Property Dealer

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နဲ့ သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းအရောင်းဈေးနှုန်းများ ပြင်ဆင်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ဒီကနေ့  ဧပြီလ(၂၇)ရက်နေ့မှာလည်းကောင်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာကြေညာထားရှိတာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှရောင်းချမည့်တိုက်ခန်းများတွင်ကိုဗစ်-၁၉ကုသရေးစင်တာအဖြစ်အသုံးပြုခဲ့တာကြောင့်ပြင်ဆင်ရတဲ့အတွက်ကုန်ကျစရိတ်များတိုးမြှင့်လာသဖြင့်တိုက်ခန်းအရောင်းဈေးနှုန်းများပြင်ဆင်တိုးမြှင့်သတ်မှတ်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

 အဆိုပါတန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာများကို  ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ သိန်း၃၀နှင့်အထက်ရှိရမည် ဖြစ်ပြီး အတိုးနှုန်းသက်သာသည့် ချေးငွေအစီအစဉ်ဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း ရောင်းချပေးမှာဖြစ်တယ်လို့လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇန်နဝါရီလ ၁၇ ရက် နေ့စွဲဖြင့် ကြော်ငြာချက်ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။

ယခုအခါ အိမ်ခန်းဝယ်ယူရန် စာရင်းပေးသွင်းထားသူများအားလုံးကို အိမ်ခန်းဝယ်ယူခွင့်ရှိသူများအဖြစ်သတ်မှတ် မဲနှိုက်ရွေးချယ်ပြီးဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့သိရှိရပြီးတိုက်ခန်းဈေးနှုန်းများကိုတော့ ယခုတိုးမြှင့်သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပေးသွင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။


 #ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန

#တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ်အိမ်ရာ

#သန်လျင် သီလဝါအိမ်ရာ

#တိုက်ခန်းအရောင်းဈေးနှုန်းများပြင်ဆင်တိုးမြှင့်သတ်မှတ်

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed