Home  / News  / News Details

News Details

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းများ ရောင်းချမည်

Jan 17, 2023  /

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မှ တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်းများ ရောင်းချမည်

ဇန်နဝါရီလ(၁၇)ရက်။

Myanmar Property Dealer


ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာ နှင့် သန်လျင် ၊ကျောက်တန်းမြို့နယ် သီလဝါအိမ်ရာ စီမံကိန်းအတွင်းမှာဆောက်လုပ်ထားရှိတဲ့  တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း (၂၀၄)ခန်းကို ရောင်းချမယ်လို့ သိရှိရပါတယ်။

အဆိုပါတန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာများကို  ဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ သိန်း၃၀နှင့်အထက်ရှိရမည် ဖြစ်ပြီး အတိုးနှုန်းသက်သာသည့် ချေးငွေအစီအစဉ်ဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း ရောင်းချပေးမှာဖြစ်တယ်လို့လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှဒီကနေ့( ဇန်နဝါရီလ ၁၇ )ရက် နေ့စွဲဖြင့် ကြော်ငြာချက်ထုတ်ပြန်ထားပါတယ်။

#ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန

#တောင်ဒဂုံမြို့နယ် အောင်မြင့်မိုရ်အိမ်ရာ

#သန်လျင် သီလဝါအိမ်ရာ