Home  / News  / News Details

သတင်း အသေးစိတ်

ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်မည်

Oct 20, 2023  /

ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူးလူသွားဥမင် (Underpass) တည်ဆောက်မည်
အောက်တိုဘာ ၂၀
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ကြီးကြပ် တည်ဆောက်မယ့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီ တော် (အနောက်ဘက်မုခ် နှင့် ပြည်သူ့ရင်ပြင်) မြေအောက် လမ်းကူး လူသွားဥမင်တည်‌ ဆောက်ခြင်း မြေသန့်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ- ၁၉ရက်နေ့က ကျင်းပခဲ့ကြောင်းသိရပါတယ်။
အဆိုပါ မြေအောက်လမ်း ကူးလူသွားဥမင် (Underpass) တည်ဆောက်ရခြင်းမှာ ရွှေတိဂုံ စေတီတော်နှင့် ပြည်သူ့ရင်ပြင် အကြား ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေ ရေးနှင့် သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အဦ တစ်ခု ထပ်မံပေါ်ပေါက်လာစေ ရန်ရည်ရွယ်၍ တည်ဆောက်ရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
ယခုတည်ဆောက်မယ့် မြေအောက်ဥမင်မှာ လူသွားလမ်း အကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက် လေးခု၊ ရွေ့လျား စက်လှေကား လေးစင်း၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီးနှစ်စင်းပါဝင်မှာဖြစ်ပြီး စီမံကိန်းကာလ ၁၄ လခန့် ကြာမြှင့်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က မြန်မာနိုင်ငံရဲ့ပထမဆုံး မြေအောက်ဥမင်လူကူးလမ်း (Underpass) တစ်ခုကို ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။