၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ်မြန်မာနိင်ငံသားများရပ်တည်နေ
ဩဂုတ်
(၁)ရက်။
Myanmar
Property Dealer
ထိုင်းနိုင်ငံအိမ်ခြံမြေ
သတင်းအချက်အလက်စင်တာ(REIC)
ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားတွေက တန်ဖိုး ဘတ် ၂၈.၇၁ ဘီလီယံတန်ဖိုးရှိတဲ့
ကွန်ဒိုမီနီယံအခန်းပေါင်း
၇,၁၆၇ ခန်းကို ဝယ်ယူခဲ့ကြပြီး အဲဒီထဲက ၈၀% ကျော်က ဘန်ကောက် နဲ့ ချွန်ဘူရီ မြို့တွေမှာဝယ်ယူကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိကွန်ဒိုဝယ်ယူမှုမှာ
တရုတ်နိုင်ငံသားတွေကဝယ်ယူမှုအများဆုံးအဖြစ်ဆက်လက်ရပ်တည်နေပြီး
ဒုတိယသုံးလပတ် (Q2) မှာ ဘတ် ၆.၁၁ ဘီလီယံတန်ဖိုးရှိတဲ့
အခန်း ၈၉၉ ခန်း ဝယ်ယူခဲ့ကြတာဖြစ်ပေမဲ့ ယခင်လတွေထပ်ဝယ်ယူမှုမှာ
၂၈.၈% ကျဆင်းခဲ့တာဘဲဖြစ်ပါတယ်။
အိမ်နီးချင်းမြန်မာနိုင်ငံကတော့
ဒုတိယသုံးလပတ်မှာ စုစုပေါင်းတန်ဖိုးဘတ်၁.၃၄ ဘီလီယံတန်ကြေးရှိတဲ့ အခန်းပေါင်း ၅၃၃
ခန်းကို ဝယ်ယူခဲ့ပြီးအဆိုပါဝယ်ယူမှုက ၁၁၉.၃% အထိတိုးတက်လာခဲ့တာဘဲဖြစ်ပါတယ်။
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်
မြန်မာနိုင်ငံသားအများစုက ထိုင်းမှာအရန်နေထိုင်စရာတွေ
ရှာဖွေလာကြတာဖြစ်ပြီး
သဘာဝဘေးအန္တရာယ်ကနေစတင်ခဲ့တဲ့အခြေအနေဟာ
နယ်စပ်ဖြတ်ကျော်ပြီး ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ချင်းမိုင် ၊ချွန်ဘူရီ နဲ့
ဘန်ကောက် တို့မှာ မြန်မာနိင်ငံသားအိမ်ခြံမြေဝယ်ယူမှုအများဆုံးဖြစ်တယ်လို့
Nation Thailand ရဲ့ဖော်ပြချက်အရသိရပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ
ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးနိုင်ငံတွေကတော့
တရုတ်နိုင်ငံမှ ၈၉၉ ခန်းနဲ့ပထမနေရာ၊ မြန်နိုင်ငံမှ ၅၃၃
ခန်းနဲ့ဒုတိယနေရာြဖစ်ပြီး
ရုရှားနိုင်ငံမှ ၂၇၂ ခန်းနဲ့တတိယနေရာမှရပ်တည်နေတာဘဲဖြစ်ပါတယ်။
Nation
Thailland