Home  / News  / News Details

News Details

၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ်မြန်မာနိင်ငံသားများရပ်တည်နေ

Sep 1, 2025  /

၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ်မြန်မာနိင်ငံသားများရပ်တည်နေ

ဩဂုတ် (၁)ရက်။

Myanmar  Property Dealer  

ထိုင်းနိုင်ငံအိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားတွေက တန်ဖိုး ဘတ် ၂၈.၇၁ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုမီနီယံအခန်းပေါင်း ,၁၆၇ ခန်းကို ဝယ်ယူခဲ့ကြပြီး အဲဒီထဲက ၈၀% ကျော်က ဘန်ကောက် နဲ့ ချွန်ဘူရီ မြို့တွေမှာဝယ်ယူကြတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိကွန်ဒိုဝယ်ယူမှုမှာတရုတ်နိုင်ငံသားတွေကဝယ်ယူမှုအများဆုံးအဖြစ်ဆက်လက်ရပ်တည်နေပြီး ဒုတိယသုံးလပတ် (Q2) မှာ ဘတ် .၁၁ ဘီလီယံတန်ဖိုးရှိတဲ့ အခန်း ၈၉၉ ခန်း ဝယ်ယူခဲ့ကြတာဖြစ်ပေမဲ့ ယခင်လတွေထပ်ဝယ်ယူမှုမှာ ၂၈.% ကျဆင်းခဲ့တာဘဲဖြစ်ပါတယ်။

အိမ်နီးချင်းမြန်မာနိုင်ငံကတော့ ဒုတိယသုံးလပတ်မှာ စုစုပေါင်းတန်ဖိုးဘတ်၁.၃၄ ဘီလီယံတန်ကြေးရှိတဲ့ အခန်းပေါင်း ၅၃၃ ခန်းကို ဝယ်ယူခဲ့ပြီးအဆိုပါဝယ်ယူမှုက ၁၁၉.% အထိတိုးတက်လာခဲ့တာဘဲဖြစ်ပါတယ်။    

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံသားအများစုက ထိုင်းမှာအရန်နေထိုင်စရာတွေ ရှာဖွေလာကြတာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကနေစတင်ခဲ့တဲ့အခြေအနေဟာ နယ်စပ်ဖြတ်ကျော်ပြီး ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ချင်းမိုင် ၊ချွန်ဘူရီ  နဲ့ ဘန်ကောက် တို့မှာ မြန်မာနိင်ငံသားအိမ်ခြံမြေဝယ်ယူမှုအများဆုံးဖြစ်တယ်လို့ Nation Thailand ရဲ့ဖော်ပြချက်အရသိရပါတယ်။ 

လက်ရှိ  ၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးနိုင်ငံတွေကတော့ တရုတ်နိုင်ငံမှ ၈၉၉ ခန်းနဲ့ပထမနေရာ၊ မြန်နိုင်ငံမှ  ၅၃၃ ခန်းနဲ့ဒုတိယနေရာြဖစ်ပြီး ရုရှားနိုင်ငံမှ ၂၇၂ ခန်းနဲ့တတိယနေရာမှရပ်တည်နေတာဘဲဖြစ်ပါတယ်။

Nation Thailland