Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ငန်းရှင်အချို့မျှော်လင့်နေ

Sep 27, 2024  /

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်စတင်ရန် လုပ်ငန်းရှင်အချို့မျှော်လင့်နေ

စက်တင်ဘာလ (၂၈)ရက်။

Myanmar Property Dealer

 

 ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် လုပ်ငန်းရှင်အချို့မျှော်လင့်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်ထားတဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဒါရိုက်တာအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ရက်တွင် လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်ပါတယ်။

ယင်းစီမံကိန်းကို ယခုအချိန်တွင်ပြန်လည်စတင်ပါက အကောင်းဆုံးအချိန်ဖြစ်ပြီး စတင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ကောင်းမွန်လာနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

 အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့တဖက်ကမ်းရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များရှိ လယ်မြေအများစုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် စီမံကိန်းဖြစ်ပြီး စီမံကိန်းတခုလုံးက စင်ကာပူနိုင်ငံ အရွယ်အစားထက် ပိုကျယ်တဲ့ မြို့သစ်စီမံကိန်းတခု လည်းဖြစ်ပါတယ်။