ရန်ကုန်မြို့သစ်စီမံကိန်းကို
ပြန်လည်စတင်ရန်
လုပ်ငန်းရှင်အချို့မျှော်လင့်နေ
စက်တင်ဘာလ
(၂၈)ရက်။
Myanmar
Property Dealer
ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင်
ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို
ပြန်လည်စတင်နိုင်ရန် လုပ်ငန်းရှင်အချို့မျှော်လင့်နေကြတယ်လို့စုံစမ်းသိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက
ရာနှုန်းပြည့်ပိုင်ဆိုင်ထားတဲ့
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်
(NYDC) ၏ ဒါရိုက်တာအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၁ ရက်တွင် လူသစ်များဖြင့်
ပြန်လည်ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်ပါတယ်။
ယင်းစီမံကိန်းကို
ယခုအချိန်တွင်ပြန်လည်စတင်ပါက
အကောင်းဆုံးအချိန်ဖြစ်ပြီး
စတင်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်မှာဖြစ်ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများလည်း
ကောင်းမွန်လာနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
အဆိုပါ
ရန်ကုန်မြို့သစ်စီမံကိန်းသည်
ရန်ကုန်မြို့တဖက်ကမ်းရှိ
ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်များရှိ လယ်မြေအများစုတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့် စီမံကိန်းဖြစ်ပြီး စီမံကိန်းတခုလုံးက စင်ကာပူနိုင်ငံ အရွယ်အစားထက် ၂ ဆ ပိုကျယ်တဲ့
မြို့သစ်စီမံကိန်းတခု
လည်းဖြစ်ပါတယ်။