Home  / News  / News Details

သတင်း အသေးစိတ်

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးနေ။

Dec 19, 2023  /

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးနေ။

ဒီဇင်ဘာ (၁၉)ရက်။

Myanmar Property Dealer

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

 ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။

 ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

 သန်လျင်တံတားအမှတ်- တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကာ၊ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ပေစီပါရှိတဲ့ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) Steel Box နှင့် PC Box အမျိုးအစားဖြစ်ပါတယ်။

တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်ကျန်ရှိနေတယ်လို့လည်းသိရပါတယ်။

တံတားပြီးစီးသွားပါက သံလျင်တံတား အမှတ်- တွင် ဖြစ်ပေါ်လျက်ရှိတဲ့ ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီးတော့လည်း ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။