ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးနေ။
ဒီဇင်ဘာ
(၁၉)ရက်။
Myanmar
Property Dealer
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။
ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းအားလုံးယခုအခါမှာ ၉၄ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်းစာများထုတ်ပြန်ရေးသားချက်တွေအရသိရပါတယ်။
ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည်ဖော်ရေးသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် မှစတင်ပြီးစီမံကိန်းလုပ်ငန်းအဆင့်အလိုက် ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။
သန်လျင်တံတားအမှတ်-၃ တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကာ၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိတဲ့ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပါတယ်။
တံတားခံနိုင်ဝန်မှာ
ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပြီး ချဉ်းကပ်လမ်းနှင့်
တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll
Plaza တည်ဆောက်ခြင်းလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်သွားရန်ကျန်ရှိနေတယ်လို့လည်းသိရပါတယ်။
တံတားပြီးစီးသွားပါက
သံလျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိတဲ့
ယာဉ်ကြောပိတ်ဆို့မှုများအား
ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး
သီလဝါအထူးစီးပွားရေးဇုန်ကို
အကြောင်းပြုပြီးတော့လည်း
ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ
တိုးပွားလာမှာဖြစ်တယ်လို့လည်းသိရပါတယ်။