Home  / News  / News Details

သတင်း အသေးစိတ်

အလှူရှင်များစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား အိမ်ရာဆောက်လုပ်ပေးမည်

Oct 4, 2024  /

အလှူရှင်များစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား အိမ်ရာဆောက်လုပ်ပေးမည်

အောက်တိုဘာ  (၄) ရက်  ။

Myanmar Property  Dealer

ယာဂီမုန်တိုင်းကြောင့် အိမ်လုံးကျွတ်ဆုံးရှုံးသွားတဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များစုပေါင်းပြီး ရရှိတဲ့အလှူငွေများဖြင့် နေအိမ်ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့  လုပ်ငန်းရှင်တစ်ဦးကပြောသည်။

 " အခုကတော့ နေရာကြည့်နေတယ်။ ကလောဖြစ်မလား နေပြည်တော်ဖြစ်မလားမသိဘူး။ အိမ်ဆုံးရှုံးသွားတဲ့သူတွေကို စီမံကိန်းတစ်ခုချမှတ်ပြီးတော့ အိမ်ဆောက်ပေးသွားမှာပါ"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာလတွင်လည်း ယာဂီမုန်တိုင်းအရှိန်ကြောင့်မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီးရေဘေးသင့် လူဦးရေ ၁ သန်းခန့် ၊ ရေနစ်သေဆုံးသူ ၃၆၀ ဦး ကျော်ရှိကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း UNOCHA Myanmar ထုတ်ပြန်ထားရှိပါတယ်။