အလှူရှင်များစုပေါင်း၍ ရေဘေးသင့်ပြည်သူများအား အိမ်ရာဆောက်လုပ်ပေးမည်
အောက်တိုဘာ (၄) ရက် ။
Myanmar Property Dealer
ယာဂီမုန်တိုင်းကြောင့် အိမ်လုံးကျွတ်ဆုံးရှုံးသွားတဲ့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များစုပေါင်းပြီး ရရှိတဲ့အလှူငွေများဖြင့် နေအိမ်ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
" အခုကတော့ နေရာကြည့်နေတယ်။ ကလောဖြစ်မလား နေပြည်တော်ဖြစ်မလားမသိဘူး။ အိမ်ဆုံးရှုံးသွားတဲ့သူတွေကို စီမံကိန်းတစ်ခုချမှတ်ပြီးတော့ အိမ်ဆောက်ပေးသွားမှာပါ"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတွင်လည်း ယာဂီမုန်တိုင်းအရှိန်ကြောင့်မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီးရေဘေးသင့် လူဦးရေ ၁ သန်းခန့် ၊ ရေနစ်သေဆုံးသူ ၃၆၀ ဦး ကျော်ရှိကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း UNOCHA Myanmar ထုတ်ပြန်ထားရှိပါတယ်။