Home  / News  / News Details

သတင်း အသေးစိတ်

မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းရှိပျက်စီးယိုယွင်းစာသင်ကျောင်းများ ၉၀ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေ

Jun 15, 2023  /

မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းရှိပျက်စီးယိုယွင်းစာသင်ကျောင်းများ ၉၀ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေ

ဇွန်လ (၁၅)ရက်။

Myanmar Property Dealer

 

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးနဲ့ကျောက်တော်မြို့နယ်ထဲကစာသင်ကျောင်းဆောင်များကို ဇွန်လ(တတိယပတ်) အတွင်း အချိန်မီပြီးစီးအောင် ပါဝင်လုပ်ဆောင်နေတယ်လို့ Myanmar Developer Association အဖွဲ့ထံမှသိရပါတယ်။

‘’မြောက်ဦးနဲ့ကျောက်တော်မှာရှိတဲ့ စာသင်ကျောင်းတွေအချိန်မီ ပြီးစီးနိုင်အောင် ဇွန်လတတိယပတ်မှာ အကုန်လုံးပြန်အပ်နိုင်ဖို့အတွက်လုပ်ဆောင်နေပါတယ်။လက်ရှိမှာပြီးစီးမှုက ၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ် တယ်လို့လည်း Myanmar Developer Association (MDA) ရဲ့ ဥက္ကဌ ဦးသန်းနိုင်က ပြောပါတယ်။

မြောက်ဦးနဲ့ကျောက်တော်မြို့နယ်ထဲမှာ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးယိုယွင်းခဲ့တဲ့စာသင်ကျောင်း ဆောင်များပြန်လည်ပြုပြင်တည် ဆောက်ရေးလုပ်ငန်းများကို Myanmar Developer Association (MDA)အသင်းမှပါဝင်ဆောင်ရွက်ပြီးလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် မေလ ၁၅ ရက်နေ့က ကြေညာထားတာလည်းဖြစ်ပါတယ်။

#မြောက်ဦးစာသင်ကျောင်းများ

#ကျောက်တော်စာသင်ကျောင်းများ

#ရခိုင်ပြည်နယ်ဆိုင်ကလုန်း

#မိုခါ

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed