မြောက်ဦးနဲ့ကျောက်တော်မြို့နယ်အတွင်းရှိပျက်စီးယိုယွင်းစာသင်ကျောင်းများ
၉၀ ရာခိုင်နှုန်းဝန်းကျင်ပြီးစီးနေ
ဇွန်လ
(၁၅)ရက်။
Myanmar
Property Dealer
ပြီးခဲ့တဲ့
မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို
ဝင်ရောက်တိုက်ခတ်ခဲ့တဲ့
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးနဲ့ကျောက်တော်မြို့နယ်ထဲကစာသင်ကျောင်းဆောင်များကို
ဇွန်လ(တတိယပတ်) အတွင်း အချိန်မီပြီးစီးအောင်
ပါဝင်လုပ်ဆောင်နေတယ်လို့
Myanmar Developer Association အဖွဲ့ထံမှသိရပါတယ်။
‘’မြောက်ဦးနဲ့ကျောက်တော်မှာရှိတဲ့
စာသင်ကျောင်းတွေအချိန်မီ
ပြီးစီးနိုင်အောင် ဇွန်လတတိယပတ်မှာ အကုန်လုံးပြန်အပ်နိုင်ဖို့အတွက်လုပ်ဆောင်နေပါတယ်။လက်ရှိမှာပြီးစီးမှုက
၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်
တယ်လို့လည်း’ Myanmar Developer Association (MDA)
ရဲ့ ဥက္ကဌ
ဦးသန်းနိုင်က ပြောပါတယ်။
မြောက်ဦးနဲ့ကျောက်တော်မြို့နယ်ထဲမှာ
မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးယိုယွင်းခဲ့တဲ့စာသင်ကျောင်း
ဆောင်များပြန်လည်ပြုပြင်တည်
ဆောက်ရေးလုပ်ငန်းများကို
Myanmar Developer Association (MDA)အသင်းမှပါဝင်ဆောင်ရွက်ပြီးလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက
စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့
ဒေသတွေအဖြစ် မေလ ၁၅ ရက်နေ့က ကြေညာထားတာလည်းဖြစ်ပါတယ်။
#မြောက်ဦးစာသင်ကျောင်းများ
#ကျောက်တော်စာသင်ကျောင်းများ
#ရခိုင်ပြည်နယ်ဆိုင်ကလုန်း
#မိုခါ
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon #property #stayinformed